တ​မန်​တော်​ဝတ္ထု 27:10-14 Myanmar Standard Bible (MSB)

10. “မိတ်​ဆွေ​တို့၊ ဤ​ပင်​လယ်​ခ​ရီး​တွင် သင်္ဘော​နှင့်​ကုန်​ပစ္စည်း​အ​ပေါ်​၌​သာ​မ​က အ​ကျွန်ုပ်​တို့​၏​အ​သက်​အ​ပေါ်​၌​ပင် ဘေး​အန္တ​ရာယ်​နှင့်​များ​စွာ​သော​ဆုံး​ရှုံး​မှု ကျ​ရောက်​လာ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​တွေ့​မြင်​ရ​သည်”​ဟူ​၍ ဆို​လေ​၏။

11. သို့​သော် တပ်​မှူး​သည် ပေါ​လု​ပြော​ဆို​သော​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​ကို ပို​၍​ယုံ​၏။

12. ထို​ဆိပ်​ကမ်း​သည်​လည်း ဆောင်း​ခို​ရန်​မ​သင့်​လျော်​သော​ဆိပ်​ကမ်း​ဖြစ်​သော​ကြောင့် အ​များ​စု​က ထို​ဆိပ်​ကမ်း​မှ​ရွက်​လွှင့်​ပြီး ဖြစ်​နိုင်​လျှင် အ​နောက်​တောင်​နှင့် အ​နောက်​မြောက်​သို့​မျက်​နှာ​မူ​သည့် က​ရေ​တေ​ကျွန်း​၏​ဖိ​နိတ်​ဆိပ်​ကမ်း​သို့ တစ်​နည်း​နည်း​ဖြင့်​သွား​၍ ဆောင်း​ခို​မည်​ဟု ဆုံး​ဖြတ်​ကြ​၏။

13. တောင်​လေ​ဖြည်း​ညင်း​စွာ​တိုက်​ခတ်​လာ​သော​အ​ခါ သူ​တို့​သည် အ​ကြံ​အ​စည်​အောင်​မြင်​ပြီ​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ်​ပြီး​လျှင် က​ရေ​တေ​ကျွန်း​၏​ကမ်း​ခြေ​ကို​ကပ်​၍ ရွက်​လွှင့်​ကြ​၏။

14. သို့​သော် မ​ကြာ​မီ​အ​တွင်း ဥ​ရု​က​လု​ဒုန်​ဟု​ခေါ်​သည့် လေ​မုန်​တိုင်း​သည် ကုန်း​တွင်း​ပိုင်း​မှ တိုက်​ခတ်​လာ​လေ​၏။

တ​မန်​တော်​ဝတ္ထု 27