တ​မန်​တော်​ဝတ္ထု 27:1-10 Myanmar Standard Bible (MSB)

1. ငါ​တို့​သည် အီ​တ​လီ​ပြည်​သို့​ရွက်​လွှင့်​ရ​မည်​ဟု သူ​တို့​ဆုံး​ဖြတ်​ကြ​သော​အ​ခါ သူ​တို့​သည် ပေါ​လု​နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က​ရာဇ်​မင်း​၏​တပ်​ဖွဲ့​မှ ယု​လိ​အ​မည်​ရှိ​သော​တပ်​မှူး​ထံ အပ်​ကြ​၏။

2. ငါ​တို့​သည် အာ​ရှ​ပြည် ကမ်း​ခြေ​တစ်​လျှောက်​ရှိ ဆိပ်​ကမ်း​များ​သို့​ရွက်​လွှင့်​သွား​မည့် အ​ဒြာ​မုတ္တိ​သင်္ဘော​ကို​စီး​လျက် ရွက်​လွှင့်​ကြ​၏။ မာ​ကေ​ဒေါ​နိ​ပြည်၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိတ္တာ​ခု​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ပါ​လာ​၏။

3. နောက်​တစ်​နေ့​တွင် ငါ​တို့​သည် ဆီ​ဒုန်​မြို့​သို့​ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည် ပေါ​လု​ကို​ကြင်​နာ​စွာ​ဆက်​ဆံ​လျက် မိတ်​ဆွေ​များ​ထံ​သွား​၍ လုပ်​ကျွေး​ပြု​စု​ခြင်း​ခံ​ယူ​ခွင့်​ကို ပေး​လေ​၏။

4. ထို​မြို့​မှ​ရွက်​လွှင့်​ကြ​သော​အ​ခါ လေ​ဆန်​ဖြစ်​နေ​သ​ဖြင့် ဆိုက်​ပ​ရပ်​ကျွန်း​၏​လေ​ကွယ်​ရာ​ဘက်​မှ ရွက်​လွှင့်​သွား​ကြ​၏။

5. ထို့​နောက် ဆီ​လီ​ဆီး​ယား​ပြည်​နှင့်​ပံ​ဖု​လိ​ပြည်​၏​ပင်​လယ်​ပြင်​ကို ရွက်​လွှင့်​ပြီး လု​ကိ​ပြည်၊ မု​ရ​မြို့​သို့​ရောက်​ကြ​၏။

6. ထို​မြို့​တွင် တပ်​မှူး​သည် အီ​တ​လီ​ပြည်​သို့​ရွက်​လွှင့်​မည့် အ​လက်​ဇန္ဒြိ​ယ​သင်္ဘော​ကို​တွေ့​၍ ငါ​တို့​အား ထို​သင်္ဘော​ပေါ်​သို့​တက်​စေ​၏။

7. ရက်​ပေါင်း​များ​စွာ တစ်​ရွေ့​ရွေ့​ရွက်​လွှင့်​ကြ​ပြီး​နောက် က​နိဒ်​မြို့​နား​သို့ ခက်​ခဲ​စွာ​ဖြင့်​ရောက်​ရှိ​ကြ​၏။ ငါ​တို့​သည် လေ​ကြောင့် ဆက်​မ​သွား​နိုင်​တော့​သ​ဖြင့် သာ​လ​မုန်​အ​ငူ​နား​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​၏​လေ​ကွယ်​ရာ​ဘက်​မှ ရွက်​လွှင့်​သွား​ကြ​၏။

8. ကမ်း​ရိုး​တန်း​တစ်​လျှောက် ခက်​ခဲ​စွာ​ရွက်​လွှင့်​သွား​ပြီး​နောက် လာ​သဲ​မြို့​အ​နီး​ရှိ ဆိပ်​ကမ်း​သာ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။

9. အ​ချိန်​များ​စွာ​ကြာ​လာ​၍ အ​စာ​ရှောင်​ရာ​နေ့​သည်​လည်း လွန်​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် ပင်​လယ်​ခ​ရီး​သည် ဘေး​အန္တ​ရာယ်​ရှိ​လာ​သ​ဖြင့် ပေါ​လု​သည် သူ​တို့​အား သ​တိ​ပေး​ကာ

10. “မိတ်​ဆွေ​တို့၊ ဤ​ပင်​လယ်​ခ​ရီး​တွင် သင်္ဘော​နှင့်​ကုန်​ပစ္စည်း​အ​ပေါ်​၌​သာ​မ​က အ​ကျွန်ုပ်​တို့​၏​အ​သက်​အ​ပေါ်​၌​ပင် ဘေး​အန္တ​ရာယ်​နှင့်​များ​စွာ​သော​ဆုံး​ရှုံး​မှု ကျ​ရောက်​လာ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​တွေ့​မြင်​ရ​သည်”​ဟူ​၍ ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 27