တ​မန်​တော်​ဝတ္ထု 26:4-21 Myanmar Standard Bible (MSB)

4. အ​ကျွန်ုပ်​သည် မိ​မိ​လူ​မျိုး​ထဲ​၌​လည်း​ကောင်း၊ ဂျေ​ရု​ဆ​လင်​မြို့​၌​လည်း​ကောင်း အ​စ​ပြု​ခဲ့​သည့် ငယ်​ရွယ်​စဉ်​ဘ​ဝ​မှ​စ​၍ အ​ကျွန်ုပ်​မည်​ကဲ့​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို ဂျူး​လူ​မျိုး​အား​လုံး​သိ​ကြ​ပါ​သည်။

5. သူ​တို့​သည် အ​ကျွန်ုပ်​ကို ယ​ခင်​က​တည်း​က သိ​ထား​ကြ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​တို့​ဘာ​သာ​တွင် စည်း​မျဉ်း​အ​တင်း​ကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အ​ဖြစ် အ​သက်​ရှင်​ခဲ့​ကြောင်း သူ​တို့​သက်​သေ​ခံ​လို​လျှင် သက်​သေ​ခံ​နိုင်​ပါ​သည်။

6. ယ​ခု အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​အား ဘု​ရား​သ​ခင်​ပေး​ထား​သော​က​တိ​တော်​နှင့်​ဆိုင်​သည့် မျှော်​လင့်​ခြင်း​အ​တွက် ရပ်​လျက် စစ်​ဆေး​စီ​ရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။

7. အ​ကျွန်ုပ်​တို့​၏​မျိုး​နွယ်​စု တစ်​ဆယ့်​နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်​အား​ထက်​သန်​စွာ​ဖြင့် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် ထို​က​တိ​တော်​အ​တိုင်း ခံ​စား​ရ​ရန် မျှော်​လင့်​နေ​ကြ​ပါ​သည်။ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဤ​မျှော်​လင့်​ခြင်း​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​စွဲ​ဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။

8. သေ​လွန်​သော​သူ​တို့​အား ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သည်​ကို မ​ယုံ​နိုင်​စ​ရာ​ဟု အ​ရှင်​တို့ အ​ဘယ်​ကြောင့်​ထင်​မှတ်​ကြ​ပါ​သ​နည်း။

9. အ​မှန်​စင်​စစ် အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော်​အား ဆန့်​ကျင်​သည့်​အ​မှု​များ​စွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်​မှတ်​၍

10. ဂျေ​ရု​ဆ​လင်​မြို့​တွင် ထို​အ​တိုင်း​ပြု​ခဲ့​ပါ​သည်။ အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​လျက် များ​စွာ​သော​သန့်​ရှင်း​သူ​တို့​ကို ထောင်​ထဲ​၌​ပိတ်​လှောင်​ထား​ကာ သူ​တို့​အ​သတ်​ခံ​ရ​သည့်​အ​ခါ​လည်း ထောက်​ခံ​ခဲ့​ပါ​သည်။

11. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မ​ကြာ​ခ​ဏ​ပြစ်​ဒဏ်​ပေး​လျက် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ကြ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ခဲ့​ပါ​သည်။ ထို​မျှ​မ​က သူ​တို့​အ​ပေါ် အ​လွန်​ဒေါ​သ​ထွက်​၍ တိုင်း​တစ်​ပါး​မြို့​များ​သို့​တိုင်​အောင် သူ​တို့​ကို လိုက်​လံ​ညှဉ်း​ဆဲ​ခဲ့​ပါ​သည်။

12. ဤ​သို့​ဖြင့် အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​၏​ခွင့်​ပြု​ချက်​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ပါ​လျက် ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​စဉ်

13. မွန်း​တည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်​ခြည်​ထက်​မ​က​တောက်​ပ​သော ကောင်း​ကင်​မှ​အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ​၍ အ​ကျွန်ုပ်​နှင့်​အ​တူ​ခ​ရီး​သွား​သူ​များ​ပတ်​လည်​တွင် ထွန်း​လင်း​သည်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အ​ရှင်​မင်း​ကြီး။

14. အ​ကျွန်ုပ်​တို့​အား​လုံး​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို​ကန်​ရန် သင့်​အ​တွက်​ခက်​၏’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

15. ထို​အ​ခါ အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော​ယေ​ရှု​ဖြစ်​၏။

16. သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်​တတ်​ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်​ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အ​ကြောင်း​နှင့် သင့်​အား ငါ​ထင်​ရှား​ပြ​မည့်​အ​ရာ​များ​အ​တွက် သင့်​ကို အ​မှု​တော်​ဆောင်​အ​ဖြစ်​လည်း​ကောင်း၊ သက်​သေ​အ​ဖြစ်​လည်း​ကောင်း ခန့်​ထား​ရန်​ဖြစ်​၏။

17. ငါ​သည် ဂျူး​လူ​မျိုး​၏​လက်​မှ​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏​လက်​မှ​လည်း​ကောင်း သင့်​ကို​ကယ်​နုတ်​မည်။ ထို​သူ​တို့​ထံ​သို့​သင့်​ကို ငါ​စေ​လွှတ်​၏။

18. ဤ​သည်​ကား သူ​တို့​၏​မျက်​စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အ​မှောင်​မှ အ​လင်း​သို့​လည်း​ကောင်း၊ စာ​တန်​၏​အ​ခွင့်​အာ​ဏာ​မှ ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည် ငါ့​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​ကာ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​တို့​ထဲ​တွင် ပါ​ဝင်​ရ​မည့်​အ​ကြောင်း​တည်း’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

19. ထို့​ကြောင့် အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​မ​ထောင်​၍​မ​နေ​ဘဲ

20. ဦး​စွာ ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ထို့​နောက် ဂျေ​ရု​ဆ​လင်​မြို့​နှင့် ယု​ဒ​နယ်​တစ်​နယ်​လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​ကို​လည်း​ကောင်း နောင်​တ​ရ​၍ ဘု​ရား​သ​ခင်​ထံ​ပြောင်း​လဲ​ကာ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​မှု​များ​ကို ပြု​ကြ​ရန် ဟော​ပြော​ခဲ့​ပါ​သည်။

21. ဤ​အ​ကြောင်း​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို ဗိ​မာန်​တော်​၌​ဖမ်း​ဆီး​၍ သတ်​ရန်​ကြိုး​စား​ခဲ့​ကြ​သည်။

တ​မန်​တော်​ဝတ္ထု 26