တ​မန်​တော်​ဝတ္ထု 25:9-23 Myanmar Standard Bible (MSB)

9. ဖေတ္တု​မင်း​သည် ဂျူး​လူ​မျိုး​တို့​ကို ကျေး​ဇူး​ပြု​လို​သ​ဖြင့် ပေါ​လု​အား “သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​၍ ထို​မြို့​၌ ငါ​၏​ရှေ့​တွင် ဤ​အ​မှု​များ​နှင့်​ပတ်​သက်​ပြီး စစ်​ဆေး​စီ​ရင်​ခံ​လို​သ​လော”​ဟု မေး​လေ​၏။

10. သို့​သော် ပေါ​လု​က “အ​ကျွန်ုပ်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​၏​တ​ရား​ခွင်​၌ ရပ်​နေ​သည်​ဖြစ်​၍ ထို​နေ​ရာ​တွင် အ​ကျွန်ုပ်​ကို စစ်​ဆေး​စီ​ရင်​သင့်​ပါ​သည်။ အ​ရှင်​လည်း ကောင်း​စွာ​သိ​သည့်​အ​တိုင်း ဂျူး​လူ​မျိုး​တို့​ကို အ​ကျွန်ုပ်​မ​ပြစ်​မှား​ခဲ့​ပါ။

11. အ​ကယ်​၍ အ​ကျွန်ုပ်​သည်​ပြစ်​မှား​ပြီး သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို ပြု​မိ​ခဲ့​ပါ​က သေ​ရ​မည်​ကို အ​ကျွန်ုပ်​မ​ငြင်း​ပါ။ သို့​သော် အ​ကျွန်ုပ်​ကို ဤ​သူ​တို့​စွပ်​စွဲ​နေ​သော​အ​ရာ​များ​သည် တစ်​စုံ​တစ်​ခု​မျှ မ​ဟုတ်​မ​မှန်​လျှင် မည်​သူ​မျှ အ​ကျွန်ုပ်​ကို သူ​တို့​လက်​သို့ မ​အပ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​ပါ​မည်”​ဟု လျှောက်​လေ​၏။

12. ထို​အ​ခါ ဖေတ္တု​မင်း​သည် အ​တိုင်​ပင်​ခံ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် “သင်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​သည်​ဖြစ်​၍ ဆီ​ဇာ​ဧ​က​ရာဇ်​ထံ​သို့ သွား​ရ​မည်”​ဟု ပြန်​ဖြေ​လေ​၏။

13. ထို​မှ ရက်​အ​နည်း​ငယ်​ကြာ​ပြီး​နောက် အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ဖေတ္တု​မင်း​ကို​နှုတ်​ဆက်​ရန် ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လာ​ကြ​၏။

14. သူ​တို့​သည် ထို​မြို့​၌ ရက်​အ​တန်​ကြာ​နေ​ကြ​သ​ဖြင့် ဖေတ္တု​မင်း​သည် ပေါ​လု​နှင့်​ပတ်​သက်​သော​အ​မှု​များ​ကို မင်း​ကြီး​အား​တင်​ပြ​လျက် “ဖေ​လဇ်​မင်း​ထား​ရစ်​ခဲ့​သော အ​ကျဉ်း​သား​တစ်​ဦး​ရှိ​ပါ​သည်။

15. ဂျေ​ရု​ဆ​လင်​မြို့​သို့ အ​ကျွန်ုပ်​ရောက်​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဂျူး​လူ​မျိုး​တို့​၏​သက်​ကြီး​ဝါ​ကြီး​တို့​သည် သူ့​ကို တ​ရား​စွဲ​ဆို​လျက် သူ့​အ​ပေါ်​အ​ပြစ်​ဒဏ်​ပေး​ရန် တောင်း​ဆို​ကြ​ပါ​သည်။

16. သို့​သော် စွပ်​စွဲ​ခံ​ရ​သူ​တစ်​စုံ​တစ်​ဦး​သည် စွပ်​စွဲ​သော​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ စွပ်​စွဲ​ချက်​နှင့်​ပတ်​သက်​ပြီး ချေ​ပ​ပြော​ဆို​ခွင့်​မ​ရ​မီ သူ့​ကို​လွှဲ​အပ်​ပေး​ခြင်း​သည် ရော​မ​တို့​၏​ဓ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း သူ​တို့​အား အ​ကျွန်ုပ်​ဖြေ​ကြား​ခဲ့​ပါ​သည်။

17. ထို့​ကြောင့် ဤ​မြို့​သို့ သူ​တို့​စု​ဝေး​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ အ​ကျွန်ုပ်​သည် မ​ဆိုင်း​မ​ငံ့​ဘဲ နောက်​တစ်​နေ့​တွင် တ​ရား​ခွင်​၌​ထိုင်​လျက် ထို​သူ​ကို​ခေါ်​ဆောင်​လာ​ရန် အ​မိန့်​ပေး​ခဲ့​ပါ​သည်။

18. သူ့​ကို​စွပ်​စွဲ​သော​သူ​များ​ထ​ကြ​သော​အ​ခါ အ​ကျွန်ုပ်​ထင်​မှတ်​သ​လောက် ဆိုး​သော​ပြစ်​မှု​မျိုး​ကို မ​တင်​ပြ​ခဲ့​ကြ​ပါ။

19. သူ​တို့​၏​ပြဿ​နာ​မှာ သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​သော​အ​ရာ​အ​ချို့​နှင့် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ပြော​ဆို​သည့် သေ​လွန်​ပြီး​သော ယေ​ရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်​သက်​သည့် အ​ရာ​များ​သာ ဖြစ်​ပါ​သည်။

20. အ​ကျွန်ုပ်​သည် ဤ​အ​ရာ​များ​နှင့်​ဆိုင်​သည့် အ​ငြင်း​ပွား​မှု​အ​တွက် တွေး​မ​ရ​ဖြစ်​နေ​သ​ဖြင့် ပေါ​လု​အား ‘ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​၍ ထို​မြို့​တွင် ဤ​စွပ်​စွဲ​ချက်​များ​အ​တွက် စစ်​ဆေး​စီ​ရင်​ခံ​လို​သ​လော’​ဟု မေး​ပါ​သည်။

21. သို့​သော် ပေါ​လု​က ဧ​က​ရာဇ်​မင်း​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ​ယူ​သည်​အ​ထိ သူ့​အား​ထိန်း​သိမ်း​ထား​ပါ​ရန် တောင်း​ဆို​သ​ဖြင့် သူ့​ကို ဆီ​ဇာ​ဧ​က​ရာဇ်​ထံ​ပို့​သည်​အ​ထိ ထိန်း​သိမ်း​ထား​ရန် အ​မိန့်​ပေး​ထား​ပါ​သည်”​ဟု ဆို​လေ​၏။

22. ထို​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​သည် ဖေတ္တု​မင်း​အား “အ​ကျွန်ုပ်​ကိုယ်​တိုင်​လည်း ထို​သူ​၏​စ​ကား​ကို နား​ထောင်​လို​ပါ​သည်”​ဟု ဆို​သ​ဖြင့် ဖေတ္တု​မင်း​က “မ​နက်​ဖြန် သူ​၏​စ​ကား​ကို အ​ရှင်​နား​ထောင်​ရ​ပါ​မည်”​ဟု ဆို​၏။

23. နောက်​တစ်​နေ့​တွင် အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ်​သော​အ​ဆောင်​အ​ယောင်​ဖြင့် တပ်​မှူး​ကြီး​များ၊ ထို​မြို့​၏​အ​ရေး​ပါ​ပုဂ္ဂိုလ်​များ​နှင့်​အ​တူ​ကြွ​လာ​၍ ညီ​လာ​ခံ​ခန်း​မ​ထဲ​သို့​ဝင်​ကြ​၏။ ထို​အ​ခါ ဖေတ္တု​မင်း​သည် အ​မိန့်​ပေး​သ​ဖြင့် ပေါ​လု​ကို​ခေါ်​ထုတ်​လာ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 25