23. နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ ထိုမြို့၏အရေးပါပုဂ္ဂိုလ်များနှင့်အတူကြွလာ၍ ညီလာခံခန်းမထဲသို့ဝင်ကြ၏။ ထိုအခါ ဖေတ္တုမင်းသည် အမိန့်ပေးသဖြင့် ပေါလုကိုခေါ်ထုတ်လာကြ၏။
24. ဖေတ္တုမင်းကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော လူကြီးမင်းအပေါင်းတို့၊ အရှင်တို့မြင်သော ဤသူနှင့်ပတ်သက်၍ ဂျူးအမျိုးသားထုအပေါင်းတို့သည် ‘သူ့ကို ဆက်၍အသက်မရှင်စေသင့်ပါ’ဟု အော်ဟစ်လျက် ဂျေရုဆလင်မြို့၌ဖြစ်စေ၊ ဤမြို့၌ဖြစ်စေ အကျွန်ုပ်အား တောင်းဆိုခဲ့ကြပါသည်။
25. သို့ရာတွင် သူသည် သေဒဏ်ခံထိုက်သောအရာ တစ်စုံတစ်ခုကိုမျှ မပြုခဲ့ကြောင်း အကျွန်ုပ်သတိထားမိပါသည်။ သို့သော် သူကိုယ်တိုင် ဧကရာဇ်မင်းထံ အယူခံဝင်မည်ဟုဆိုသဖြင့် သူ့ကိုပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါသည်။
26. သို့ရာတွင် အရှင်ဧကရာဇ်မင်းထံ သူ့အကြောင်းရေးသားရန် တိကျသောအကြောင်းအချက် တစ်စုံတစ်ခုမျှ အကျွန်ုပ်၌မရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်ရေးသားရန် အကြောင်းအချက်တစ်စုံတစ်ခုရရှိနိုင်မည့်အကြောင်း သူ့ကို အရှင်တို့ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပမင်းကြီး၊ အရှင့်ရှေ့၌အကျွန်ုပ်ထုတ်ဆောင်ခဲ့ပါသည်။
27. အကြောင်းမူကား အကျဉ်းသားတစ်ဦးကို သူ့အပေါ်တင်ထားသည့်စွဲချက်များမပါဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု အကျွန်ုပ်ထင်ပါသည်”ဟု ဆိုလေ၏။