တ​မန်​တော်​ဝတ္ထု 25:1-12 Myanmar Standard Bible (MSB)

1. ဖေတ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်​၍ သုံး​ရက်​ကြာ​သော​အ​ခါ ဆီ​ဇာ​ရီး​ယား​မြို့​မှ ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​လေ​၏။

2. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဂျူး​လူ​မျိုး​တို့​၏​ခေါင်း​ဆောင်​များ​သည် သူ့​ထံ ပေါ​လု​ကို တ​ရား​စွဲ​ဆို​လျက်

3. မိ​မိ​တို့​အား ကျေး​ဇူး​ပြု​သည့်​အ​နေ​ဖြင့် ပေါ​လု​ကို ဂျေ​ရု​ဆ​လင်​မြို့​သို့​ပို့​ပေး​ရန် သူ့​အား​တောင်း​ပန်​ကြ​၏။ အ​ကြောင်း​မှာ သူ​တို့​သည် ပေါ​လု​ကို လမ်း​၌​ချောင်း​မြောင်း​သတ်​ဖြတ်​ရန် ကြံ​စည်​ထား​ကြ​သော​ကြောင့်​ဖြစ်​၏။

4. ထို​အ​ခါ ဖေတ္တု​မင်း​က ပေါ​လု​သည် ဆီ​ဇာ​ရီး​ယား​မြို့​တွင် ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​ပြီး သူ​ကိုယ်​တိုင်​လည်း မ​ကြာ​မီ​ပြန်​သွား​ရန် ရည်​ရွယ်​ထား​ကြောင်း ဖြေ​ကြား​ပြီး​လျှင်

5. “ထို့​ကြောင့် သင်​တို့​တွင် ဩ​ဇာ​ရှိ​သော​သူ​တို့​သည် ငါ​နှင့်​အ​တူ​လိုက်​ခဲ့​၍ ထို​လူ​၌ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​လျှင် သူ့​ကို စွဲ​ဆို​ကြ​ပါ​စေ”​ဟု ပြော​ဆို​လေ​၏။

6. ထို့​နောက် ရှစ်​ရက်၊ ဆယ်​ရက်​ခန့် သူ​တို့​ထံ​၌​နေ​ပြီး​မှ ဆီ​ဇာ​ရီး​ယား​မြို့​သို့ ဆင်း​သွား​၍ နောက်​တစ်​နေ့​တွင် တ​ရား​ခွင်​၌​ထိုင်​လျက် ပေါ​လု​ကို​ခေါ်​သွင်း​ရန် အ​မိန့်​ပေး​လေ​၏။

7. ပေါ​လု​ရောက်​သော​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​မှ​လာ​သော ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက် သူ​တို့​သက်​သေ​မ​ပြ​နိုင်​သော ကြီး​လေး​သည့်​စွဲ​ချက်​များ​စွာ​တို့​ကို သူ့​အ​ပေါ်​တင်​ကြ​၏။

8. ပေါ​လု​က​လည်း “အ​ကျွန်ုပ်​သည် ဂျူး​လူ​မျိုး​တို့​၏​ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ဆီ​ဇာ​ဧ​က​ရာဇ်​ကို​လည်း​ကောင်း တစ်​စုံ​တစ်​ခု​မျှ မ​ပြစ်​မှား​ခဲ့​ပါ”​ဟု ချေ​ပ​ပြော​ဆို​၏။

9. ဖေတ္တု​မင်း​သည် ဂျူး​လူ​မျိုး​တို့​ကို ကျေး​ဇူး​ပြု​လို​သ​ဖြင့် ပေါ​လု​အား “သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​၍ ထို​မြို့​၌ ငါ​၏​ရှေ့​တွင် ဤ​အ​မှု​များ​နှင့်​ပတ်​သက်​ပြီး စစ်​ဆေး​စီ​ရင်​ခံ​လို​သ​လော”​ဟု မေး​လေ​၏။

10. သို့​သော် ပေါ​လု​က “အ​ကျွန်ုပ်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​၏​တ​ရား​ခွင်​၌ ရပ်​နေ​သည်​ဖြစ်​၍ ထို​နေ​ရာ​တွင် အ​ကျွန်ုပ်​ကို စစ်​ဆေး​စီ​ရင်​သင့်​ပါ​သည်။ အ​ရှင်​လည်း ကောင်း​စွာ​သိ​သည့်​အ​တိုင်း ဂျူး​လူ​မျိုး​တို့​ကို အ​ကျွန်ုပ်​မ​ပြစ်​မှား​ခဲ့​ပါ။

11. အ​ကယ်​၍ အ​ကျွန်ုပ်​သည်​ပြစ်​မှား​ပြီး သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို ပြု​မိ​ခဲ့​ပါ​က သေ​ရ​မည်​ကို အ​ကျွန်ုပ်​မ​ငြင်း​ပါ။ သို့​သော် အ​ကျွန်ုပ်​ကို ဤ​သူ​တို့​စွပ်​စွဲ​နေ​သော​အ​ရာ​များ​သည် တစ်​စုံ​တစ်​ခု​မျှ မ​ဟုတ်​မ​မှန်​လျှင် မည်​သူ​မျှ အ​ကျွန်ုပ်​ကို သူ​တို့​လက်​သို့ မ​အပ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​ပါ​မည်”​ဟု လျှောက်​လေ​၏။

12. ထို​အ​ခါ ဖေတ္တု​မင်း​သည် အ​တိုင်​ပင်​ခံ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် “သင်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​သည်​ဖြစ်​၍ ဆီ​ဇာ​ဧ​က​ရာဇ်​ထံ​သို့ သွား​ရ​မည်”​ဟု ပြန်​ဖြေ​လေ​၏။

တ​မန်​တော်​ဝတ္ထု 25