25. သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
26. တစ်ချိန်တည်းမှာပင် ပေါလုသည် သူ့ကို လာဘ်ငွေပေးလိမ့်မည်ဟုလည်း မျှော်လင့်သောကြောင့် သူသည် ပေါလုကိုမကြာခဏခေါ်၍ စကားပြောဆိုလေ၏။
27. နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။