19. သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးအချို့ရှိကြပါသည်။ သူတို့သည် အကျွန်ုပ်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် အရှင့်ရှေ့၌ ကိုယ်တိုင်လာ၍ စွဲဆိုသင့်ပါသည်။
20. သို့မဟုတ် အကျွန်ုပ်သည် တရားလွှတ်တော်ရှေ့၌ရပ်နေစဉ် အကျွန်ုပ်၌ မည်သည့်ပြစ်မှုကို သူတို့တွေ့ရှိကြောင်း ယခုရှိသောဤသူတို့ကိုယ်တိုင် ထွက်ဆိုကြပါစေ။
21. အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ သင်တို့ရှေ့၌ စစ်ဆေးစီရင်ခံနေရပါသည်’ဟူသောစကားတစ်ခွန်းကိုသာ ကြွေးကြော်ခဲ့ပါသည်”ဟု ဆိုလေ၏။
22. ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။