တ​မန်​တော်​ဝတ္ထု 23:8-18 Myanmar Standard Bible (MSB)

8. အ​ကြောင်း​မူ​ကား ဇဒ္ဒု​ကဲ​တို့​သည် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ၊ ကောင်း​ကင်​တ​မန်​နှင့်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​မူ​ကား ဤ​အ​ရာ​အား​လုံး​ရှိ​သည်​ဟု​ခံ​ယူ​ကြ​၏။

9. ထို့​နောက် အော်​ဟစ်​သံ​များ ကျယ်​လောင်​လာ​ပြီး ဖာ​ရိ​ရှဲ​တို့​အ​ဖွဲ့​မှ ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ “ဤ​သူ​၌ မည်​သည့်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ ဝိ​ညာဉ် သို့​မ​ဟုတ် ကောင်း​ကင်​တ​မန်​တစ်​ပါး​ပါး​က သူ့​အား​မြွက်​ဆို​ခဲ့​သည်​ဆို​လျှင် မည်​သို့​နည်း”​ဟု ပြင်း​ထန်​စွာ​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

10. သ​ဘော​ထား​ကွဲ​လွဲ​မှု​ပြင်း​ထန်​လာ​၍ သူ​တို့​သည် ပေါ​လု​အား အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကြ​မည်​ကို တပ်​မှူး​ကြီး​သည် စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား ဆင်း​သွား​၍ ပေါ​လု​ကို သူ​တို့​ထံ​မှ မ​ရ​မ​က​ခေါ်​ဆောင်​လာ​ပြီး စ​ခန်း​ထဲ​သို့​ခေါ်​သွား​ရန် အ​မိန့်​ပေး​လေ​၏။

11. ထို​ည​၌ သ​ခင်​ဘု​ရား​သည် ပေါ​လု​ထံ​ပါး​၌​ပေါ်​လာ​၍ “မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​ခဲ့​သည်​နည်း​တူ ရော​မ​မြို့​၌​လည်း သက်​သေ​ခံ​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

12. မိုး​လင်း​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ပူး​ပေါင်း​ကြံ​စည်​လျက် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​ရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်​ဆို​ကြ​၏။

13. ဤ​လျှို့​ဝှက်​ကြံ​စည်​မှု​တွင်​ပါ​ဝင်​သော​သူ​များ​သည် အ​ယောက်​လေး​ဆယ်​ကျော်​ရှိ​ကြ​၏။

14. သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​များ​ထံ ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​စာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အ​လေး​အ​နက်​ကျိန်​ဆို​ထား​ကြ​ပါ​သည်။

15. သို့​ဖြစ်​၍ ယ​ခု အ​ရှင်​တို့​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​နှင့်​အ​တူ ပေါ​လု​၏​အ​မှု​ကို ပို​၍​တိ​ကျ​စွာ​စစ်​ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အ​ရှင်​တို့​ထံ​သို့​ခေါ်​ဆောင်​လာ​ရန်​တပ်​မှူး​ကြီး​အား လျှောက်​ထား​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည် ဤ​နေ​ရာ​သို့ သူ​မ​ရောက်​လာ​မီ သူ့​ကို​သတ်​ရန် အ​သင့်​ရှိ​နေ​ပါ​မည်”​ဟု ပြော​ကြား​ကြ​၏။

16. သို့​သော် ပေါ​လု​နှ​မ​၏​သား​သည် ထို​ချောင်း​မြောင်း​သတ်​ဖြတ်​မည့်​အ​စီ​အ​စဉ်​ကို​ကြား​လျှင် စ​ခန်း​ထဲ​သို့​ဝင်​၍ ပေါ​လု​အား ပြော​ပြ​လေ​၏။

17. ထို​အ​ခါ ပေါ​လု​သည် တပ်​မှူး​တစ်​ယောက်​ကို​ခေါ်​၍ “ဤ​လူ​ငယ်​သည် တပ်​မှူး​ကြီး​အား ပြော​ပြ​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ပါ​သ​ဖြင့် သူ့​ကို တပ်​မှူး​ကြီး​ထံ ခေါ်​သွား​ပေး​ပါ”​ဟု ဆို​လေ​၏။

18. ထို့​ကြောင့် တပ်​မှူး​သည် သူ့​ကို​ခေါ်​ဆောင်​၍ တပ်​မှူး​ကြီး​ထံ​သို့ သွား​ပြီး​လျှင် “အ​ကျဉ်း​သား​ပေါ​လု​က အ​ကျွန်ုပ်​ကို​ခေါ်​၍ ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​ခေါ်​လာ​ရန် တောင်း​ဆို​ပါ​သည်။ သူ​၌ အ​ရှင့်​ထံ​လျှောက်​ထား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

တ​မန်​တော်​ဝတ္ထု 23