4. ထိုအခါ အနီး၌ရပ်နေသောသူတို့က “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ပုတ်ခတ်ပြောဆိုသလော”ဟု ဆိုကြ၏။
5. ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
6. ပေါလုသည် ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို သိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။
7. ဤကဲ့သို့ ပေါလုပြောဆိုလိုက်သောအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ အစုအဝေးသည် အုပ်စုကွဲသွားလေ၏။
8. အကြောင်းမူကား ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်နှင့်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ ဖာရိရှဲတို့မူကား ဤအရာအားလုံးရှိသည်ဟုခံယူကြ၏။