28. သူတို့သည် မည်သည့်ပြစ်မှုဖြင့် သူ့ကိုစွဲဆိုကြကြောင်းသိလို၍ သူတို့၏တရားလွှတ်တော်ထံသို့ သူ့ကိုခေါ်ဆောင်သွားခဲ့ရာ
29. သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ် သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။
30. သို့သော် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသည်ဟု သတင်းရသဖြင့် အကျွန်ုပ်သည် အရှင့်ထံသို့ သူ့ကို ချက်ချင်းစေလွှတ်လိုက်ပါသည်။ စွပ်စွဲသောသူတို့အားလည်း သူ့အပေါ်စွပ်စွဲချက်များကို အရှင့်ထံ တင်ပြလျှောက်ထားကြရန် ညွှန်ကြားထားပါသည်။”
31. ထိုအခါ စစ်သားများသည် သူတို့အား မှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြ၏။
32. နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
33. မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
34. ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
35. “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။