1. ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကြည်လင်သောအသိစိတ်အပြည့်အဝဖြင့် ပြုမူနေထိုင်ခဲ့သည်”ဟု ဆို၏။
2. ထိုအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် သူ့အနီး၌ရပ်နေသောသူတို့အား သူ၏နှုတ်ကိုရိုက်ကြရန် အမိန့်ပေး၏။
3. ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
4. ထိုအခါ အနီး၌ရပ်နေသောသူတို့က “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ပုတ်ခတ်ပြောဆိုသလော”ဟု ဆိုကြ၏။
5. ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။