4. အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
5. ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။
6. သို့သော် အကျွန်ုပ်ခရီးဆက်၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
7. ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
8. အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင် ‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
9. အကျွန်ုပ်နှင့်အတူရှိနေသောသူတို့သည် အလင်းကိုမြင်ကြသော်လည်းအကျွန်ုပ်အားပြောသောအသံကို မကြားရကြပါ။
10. အကျွန်ုပ်ကလည်း ‘သခင်၊ အကျွန်ုပ်သည် မည်သို့ပြုရမည်နည်း’ဟု လျှောက်လျှင် သခင်ဘုရားက ‘ထ၍ ဒမတ်စကပ်မြို့သို့သွားလော့။ ထိုမြို့၌ သင်ဆောင်ရွက်ရန် စီမံထားသောအရာရှိသမျှကို သင့်အား ပြောပြလိမ့်မည်’ဟု မိန့်တော်မူခဲ့ပါသည်။
11. အကျွန်ုပ်သည် ထိုအလင်း၏ရောင်ခြည်အရှိန်ကြောင့် မျက်စိမမြင်တော့သဖြင့် အတူရှိနေသောသူတို့က အကျွန်ုပ်ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြပါသည်။
12. ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်