တ​မန်​တော်​ဝတ္ထု 22:4-10 Myanmar Standard Bible (MSB)

4. အ​ကျွန်ုပ်​သည် ဤ​လမ်း​စဉ်​ကို​လိုက်​သော​သူ​တို့​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​ခဲ့​၍ ယောက်ျား၊ မိန်း​မ​တို့​ကို ချည်​နှောင်​လျက် ထောင်​ထဲ​သို့​ပို့​ခဲ့​ပါ​သည်။

5. ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် လူ​ကြီး​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​အ​တွက် သက်​သေ​ခံ​ပေး​နိုင်​ပါ​သည်။ အ​ကျွန်ုပ်​သည် သူ​တို့​ထံ​မှ ဒ​မတ်​စ​ကပ်​မြို့​ရှိ​ညီ​အစ်​ကို​များ​ထံ​သို့ ရေး​သား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အ​ရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်​နှောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ခေါ်​ဆောင်​လာ​ကာ ပြစ်​ဒဏ်​ပေး​ရန်​အ​တွက် ထို​မြို့​သို့ ထွက်​သွား​ခဲ့​ပါ​သည်။

6. သို့​သော် အ​ကျွန်ုပ်​ခ​ရီး​ဆက်​၍ ဒ​မတ်​စ​ကပ်​မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ မွန်း​တည့်​ချိန်​ခန့်​၌ ကောင်း​ကင်​မှ အ​လွန်​တောက်​ပ​သော​အ​လင်း​သည် အ​ကျွန်ုပ်​ပတ်​လည်​၌ ရုတ်​တ​ရက်​ထွန်း​တောက်​ခဲ့​ပါ​သည်။

7. ထို​အ​ခါ အ​ကျွန်ုပ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို ကြား​ရ​ပါ​သည်။

8. အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှင် ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​ပါ​သည်။

9. အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​နေ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​ကြ​သော်​လည်း​အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို မ​ကြား​ရ​ကြ​ပါ။

10. အ​ကျွန်ုပ်​က​လည်း ‘သ​ခင်၊ အ​ကျွန်ုပ်​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ထ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်​ရွက်​ရန် စီ​မံ​ထား​သော​အ​ရာ​ရှိ​သ​မျှ​ကို သင့်​အား ပြော​ပြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

တ​မန်​တော်​ဝတ္ထု 22