27. ထိုအခါ တပ်မှူးကြီးသည် ပေါလုထံသို့လာ၍ “ငါ့ကိုပြောပါလော့။ သင်သည် ရောမနိုင်ငံသားဖြစ်သလော”ဟု မေးလျှင် ပေါလုက “ဟုတ်ပါသည်”ဟု ဆို၏။
28. တပ်မှူးကြီးကလည်း “ငါသည် ငွေအမြောက်အမြားပေး၍ ဤနိုင်ငံသားအဖြစ်ကို ရရှိသည်”ဟု ဆိုလျှင် ပေါလုက “အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်”ဟု ဆို၏။
29. ထို့ကြောင့် သူ့ကိုစစ်ဆေးမည့်သူများသည် ချက်ချင်း သူ့ထံမှ ဆုတ်ခွာသွားကြ၏။ တပ်မှူးကြီးကလည်း ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိလျှင် သူ့ကိုချည်နှောင်လိုက်မိသည့်အတွက် ကြောက်ရွံ့လေ၏။
30. နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။