တ​မန်​တော်​ဝတ္ထု 22:12-27 Myanmar Standard Bible (MSB)

12. ထို့​နောက် ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဖြစ်​ပြီး ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​သော ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော အာ​န​နိ​အ​မည်​ရှိ​သူ​တစ်​ဦး​သည်

13. အ​ကျွန်ုပ်​ထံ​သို့​လာ​၍ အ​နီး​၌​ရပ်​ကာ ‘ငါ့​ညီ​ရှော​လု၊ မျက်​စိ​မြင်​စေ’​ဟု အ​ကျွန်ုပ်​အား​ဆို​လျှင် ထို​အ​ချိန်​၌​ပင် အ​ကျွန်ုပ်​သည် သူ့​ကို​မြင်​ရ​ပါ​သည်။

14. ထို​အ​ခါ သူ​က ‘ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် မိ​မိ​အ​လို​တော်​ကို သိ​စေ​ရန်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​အ​ရှင်​ကို ဖူး​မြင်​စေ​ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​မှ​အ​သံ​တော်​ကို ကြား​စေ​ရန်​လည်း​ကောင်း သင့်​ကို ကြို​တင်​ခန့်​ထား​တော်​မူ​ပြီ။

15. အ​ကြောင်း​မူ​ကား သင်​သည် မိ​မိ​မြင်​ရ၊ ကြား​ရ​သော​အ​ရာ​တို့​အ​တွက် လူ​အ​ပေါင်း​တို့​ရှေ့​တွင် ကိုယ်​တော်​၏​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

16. ယ​ခု​မှာ အ​ဘယ်​ကြောင့် ဆိုင်း​ငံ့​နေ​သ​နည်း။ ထ​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို ပတ္ထ​နာ​ပြု​၍ ဗတ္တိ​ဇံ​ခံ​ပြီး သင်​၏​အ​ပြစ်​များ​ကို​ဆေး​ကြော​လော့’​ဟု ဆို​လေ​၏။

17. ထို့​နောက် အ​ကျွန်ုပ်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​လာ​ပြီး ဗိ​မာန်​တော်​၌​ဆု​တောင်း​နေ​စဉ် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍

18. သ​ခင်​ဘု​ရား​ကို​မြင်​ရ​ပါ​သည်။ ကိုယ်​တော်​က ‘လူ​တို့​သည် ငါ​နှင့်​ပတ်​သက်​သော သင်​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​သော​ကြောင့် မ​ဆိုင်း​ငံ့​ဘဲ ဂျေ​ရု​ဆ​လင်​မြို့​မှ အ​မြန်​ထွက်​သွား​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်။

19. အ​ကျွန်ုပ်​က​လည်း ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ခု​ပြီး​တစ်​ခု​သွား​၍ ကိုယ်​တော့်​ကို​ယုံ​ကြည်​သော​သူ​တို့​အား ရိုက်​နှက်​လျက် ထောင်​ချ​ခဲ့​သည်​ကို သူ​တို့​သိ​ကြ​ပါ​၏။

20. ထို့​ပြင် ကိုယ်​တော်​၏​သက်​သေ​ဖြစ်​သည့် သ​တေ​ဖန်​ကို သွေး​မြေ​ကျ​စေ​သော​အ​ခါ အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း အ​နီး​၌​ရပ်​နေ​၍ အ​လို​တူ​အ​လို​ပါ​ဖြစ်​ကာ သူ့​ကို​သတ်​သော​သူ​တို့​၏​အ​ဝတ်​များ​ကို စောင့်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ပါ​သည်။

21. ထို​အ​ခါ ကိုယ်​တော်​က ‘သွား​လော့။ ငါ​သည် သင့်​ကို လူ​မျိုး​ခြား​တို့​ရှိ​ရာ ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်​မည်’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်”​ဟု ဆို​လေ​၏။

22. လူ​တို့​သည် သူ့​စ​ကား​ကို ဤ​မျှ​အ​ထိ နား​ထောင်​ကြ​ပြီး​လျှင် မိ​မိ​တို့​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဤ​သို့​သော​သူ​ကို မြေ​ပေါ်​မှ သုတ်​သင်​လိုက်​ပါ။ အ​ကြောင်း​မူ​ကား သူ​သည် အ​သက်​မ​ရှင်​သင့်​ပေ”​ဟု ဆို​ကြ​၏။

23. လူ​တို့​သည် ထို​သို့​အော်​ဟစ်​လျက် အ​ဝတ်​များ​ကို​ဝှေ့​ယမ်း​ကာ မြေ​မှုန့်​ကို လေ​ထဲ​သို့​ပစ်​လွှင့်​ကြ​စဉ်

24. တပ်​မှူး​ကြီး​သည် ပေါ​လု​ကို စ​ခန်း​ထဲ​သို့​ခေါ်​သွား​ရန် အ​မိန့်​ပေး​၍ လူ​တို့​သည် အ​ဘယ်​ကြောင့် သူ့​ကို​ဆန့်​ကျင်​လျက် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို သိ​ရှိ​ရန်​အ​တွက် သူ့​ကို​ကြိမ်​ဒဏ်​ပေး​၍ စစ်​ဆေး​ကြ​ရန် ညွှန်​ကြား​လေ​၏။

25. သူ့​ကို ကြိုး​နှင့်​ချည်​နှောင်​ကြ​သော​အ​ခါ ပေါ​လု​က အ​နီး​၌​ရပ်​နေ​သော​တပ်​မှူး​အား “သင်​တို့​၌ ရော​မ​နိုင်​ငံ​သား​တစ်​ဦး​ကို မ​စစ်​ဆေး​ဘဲ ဒဏ်​ခတ်​ရိုက်​နှက်​ပိုင်​ခွင့်​ရှိ​သ​လော”​ဟု မေး​လေ​၏။

26. တပ်​မှူး​သည် ထို​စ​ကား​ကို​ကြား​လျှင် တပ်​မှူး​ကြီး​ထံ​ချဉ်း​ကပ်​လျက် “သင်​မည်​သို့​ပြု​မည်​နည်း။ ဤ​သူ​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သည်”​ဟု သ​တင်း​ပို့​လေ​၏။

27. ထို​အ​ခါ တပ်​မှူး​ကြီး​သည် ပေါ​လု​ထံ​သို့​လာ​၍ “ငါ့​ကို​ပြော​ပါ​လော့။ သင်​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သ​လော”​ဟု မေး​လျှင် ပေါ​လု​က “ဟုတ်​ပါ​သည်”​ဟု ဆို​၏။

တ​မန်​တော်​ဝတ္ထု 22