တ​မန်​တော်​ဝတ္ထု 22:1-12 Myanmar Standard Bible (MSB)

1. “ညီ​အစ်​ကို​တို့​နှင့်​အ​ဖ​တို့၊ ယ​ခု သင်​တို့​ရှေ့​၌ အ​ကျွန်ုပ်​ချေ​ပ​ပြော​ဆို​သော​စ​ကား​ကို နား​ထောင်​ကြ​ပါ”​ဟု ဆို​၏။

2. လူ​တို့​သည် မိ​မိ​တို့​အား ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့်​ပြော​ကြား​သည်​ကို ကြား​ကြ​သော​အ​ခါ ပို​၍​တိတ်​ဆိတ်​သွား​ကြ​၏။ ထို​အ​ခါ ပေါ​လု​က

3. “အ​ကျွန်ုပ်​သည် ဆီ​လီ​ဆီး​ယား​ပြည်၊ တာ​ရှု​မြို့​၌​မွေး​ဖွား​ခဲ့​သော ဂျူး​လူ​မျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့​သော် ဤ​မြို့​တွင် ကြီး​ပြင်း​လာ​၍ ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌ ဘိုး​ဘေး​တို့​မှ​ဆက်​ခံ​သော ပ​ညတ်​တ​ရား​နှင့်​အ​ညီ တင်း​ကျပ်​စွာ ဆုံး​မ​သွန်​သင်​ခြင်း​ကို​ခံ​ယူ​ပြီး ယ​နေ့ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​အ​တွက် စိတ်​အား​ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း စိတ်​အား​ထက်​သန်​ခဲ့​ပါ​သည်။

4. အ​ကျွန်ုပ်​သည် ဤ​လမ်း​စဉ်​ကို​လိုက်​သော​သူ​တို့​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​ခဲ့​၍ ယောက်ျား၊ မိန်း​မ​တို့​ကို ချည်​နှောင်​လျက် ထောင်​ထဲ​သို့​ပို့​ခဲ့​ပါ​သည်။

5. ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် လူ​ကြီး​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​အ​တွက် သက်​သေ​ခံ​ပေး​နိုင်​ပါ​သည်။ အ​ကျွန်ုပ်​သည် သူ​တို့​ထံ​မှ ဒ​မတ်​စ​ကပ်​မြို့​ရှိ​ညီ​အစ်​ကို​များ​ထံ​သို့ ရေး​သား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အ​ရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်​နှောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ခေါ်​ဆောင်​လာ​ကာ ပြစ်​ဒဏ်​ပေး​ရန်​အ​တွက် ထို​မြို့​သို့ ထွက်​သွား​ခဲ့​ပါ​သည်။

6. သို့​သော် အ​ကျွန်ုပ်​ခ​ရီး​ဆက်​၍ ဒ​မတ်​စ​ကပ်​မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ မွန်း​တည့်​ချိန်​ခန့်​၌ ကောင်း​ကင်​မှ အ​လွန်​တောက်​ပ​သော​အ​လင်း​သည် အ​ကျွန်ုပ်​ပတ်​လည်​၌ ရုတ်​တ​ရက်​ထွန်း​တောက်​ခဲ့​ပါ​သည်။

7. ထို​အ​ခါ အ​ကျွန်ုပ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို ကြား​ရ​ပါ​သည်။

8. အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှင် ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​ပါ​သည်။

9. အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​နေ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​ကြ​သော်​လည်း​အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို မ​ကြား​ရ​ကြ​ပါ။

10. အ​ကျွန်ုပ်​က​လည်း ‘သ​ခင်၊ အ​ကျွန်ုပ်​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ထ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်​ရွက်​ရန် စီ​မံ​ထား​သော​အ​ရာ​ရှိ​သ​မျှ​ကို သင့်​အား ပြော​ပြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

11. အ​ကျွန်ုပ်​သည် ထို​အ​လင်း​၏​ရောင်​ခြည်​အ​ရှိန်​ကြောင့် မျက်​စိ​မ​မြင်​တော့​သ​ဖြင့် အ​တူ​ရှိ​နေ​သော​သူ​တို့​က အ​ကျွန်ုပ်​ကို​လက်​ဆွဲ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့ ခေါ်​ဆောင်​သွား​ကြ​ပါ​သည်။

12. ထို့​နောက် ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဖြစ်​ပြီး ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​သော ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော အာ​န​နိ​အ​မည်​ရှိ​သူ​တစ်​ဦး​သည်

တ​မန်​တော်​ဝတ္ထု 22