5. သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီးသားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်
6. တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြ၍ ငါတို့သည် သင်္ဘောပေါ်သို့တက်ကာ သူတို့သည်မိမိတို့အိမ်သို့ ပြန်သွားကြ၏။
7. ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။