35. ပေါလုသည် လှေကားနားသို့ရောက်သောအခါ လူတို့၏အကြမ်းဖက်မှုကြောင့် စစ်သားများသည် သူ့ကို ချီမ၍ခေါ်သွားရကြ၏။
36. အကြောင်းမူကား များစွာသောလူတို့သည် နောက်မှလိုက်လာ၍ “သူ့ကိုသုတ်သင်လိုက်ပါ”ဟု အော်ဟစ်နေကြ၏။
37. သူ့ကို စခန်းထဲသို့ခေါ်ဆောင်သွားမည်ပြုစဉ်တွင် ပေါလုသည် တပ်မှူးကြီးအား “သင်နှင့်အနည်းငယ် အကျွန်ုပ်စကားပြောခွင့်ရမည်လော”ဟု ဆို၏။ တပ်မှူးကြီးကလည်း “သင်သည် ဂရိစကားကိုပြောတတ်သလော။
38. သို့ဖြစ်လျှင် သင်သည် ဤနေ့များမတိုင်မီက ပုန်ကန်ထကြွလျက် အကြမ်းဖက်သမားလေးထောင်ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်အမျိုးသားမဟုတ်လော”ဟု မေးလေ၏။
39. ပေါလုကလည်း “အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး ဆီလီဆီးယားပြည်၏ထင်ရှားသောမြို့ဖြစ်သည့် တာရှုမြို့မှလာသော ပြည်သားတစ်ယောက်ဖြစ်ပါသည်။ လူတို့အား စကားပြောခွင့်ပြုရန် သင့်ကို အကျွန်ုပ်တောင်းပန်ပါသည်”ဟု ဆိုလေ၏။