တ​မန်​တော်​ဝတ္ထု 21:1-12 Myanmar Standard Bible (MSB)

1. ငါ​တို့​သည် သူ​တို့​ထံ​မှ​ခွဲ​ခွာ​၍ ရွက်​လွှင့်​ကာ ကော​သ​ကျွန်း​သို့ တိုက်​ရိုက်​သွား​ကြ​၏။ နောက်​တစ်​နေ့​၌ ရော​ဒု​ကျွန်း​သို့​ရောက်​၍ ထို​နေ​ရာ​မှ​တစ်​ဖန် ပါ​တ​ရ​မြို့​သို့ သွား​ကြ​၏။

2. ထို့​နောက် ဖို​နီး​ရှား​နယ်​သို့​ကူး​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို​တွေ့​သ​ဖြင့် ထို​သင်္ဘော​စီး​၍ ရွက်​လွှင့်​ကြ​၏။

3. ဆိုက်​ပ​ရပ်​ကျွန်း​ကို​မြင်​ကြ​သော​အ​ခါ ထို​ကျွန်း​ကို လက်​ဝဲ​ဘက်​မှ​ဖြတ်​ကျော်​လျက် ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်​ရာ​မြို့​၌ ကုန်​ပစ္စည်း​ချ​ရန်​ရှိ​သော​ကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။

4. ငါ​တို့​သည် တ​ပည့်​တော်​တို့​ကို​တွေ့​၍ ထို​အ​ရပ်​၌ ခု​နစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါ​လု​အား ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​မ​သွား​ရန် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ​၏။

5. သို့​သော် ထို​နေ့​ရက်​များ​စေ့​သော​အ​ခါ ငါ​တို့​သည် ခ​ရီး​ဆက်​ရန် ထွက်​ခွာ​ကြ​၏။ သူ​တို့​အား​လုံး​သည် ဇ​နီး​သား​သ​မီး​များ​နှင့်​အ​တူ မြို့​ပြင်​အ​ထိ ငါ​တို့​ကို​လိုက်​ပို့​ကြ​၏။ ငါ​တို့​သည် ပင်​လယ်​ကမ်း​ခြေ​တွင် ဒူး​ထောက်​လျက်​ဆု​တောင်း​ပြီး​နောက်

6. တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ကြ​၍ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်​ကာ သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။

7. ထို့​နောက် ပ​တော​လင်​မြို့​သို့​ရောက်​၍ တိုင်​ရာ​မြို့​မှ ငါ​တို့​ထွက်​လာ​သည့် ပင်​လယ်​ခ​ရီး​ပြီး​ဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​၍ သူ​တို့​နှင့်​အ​တူ တစ်​ရက်​နေ​ကြ​၏။

8. နောက်​တစ်​နေ့​တွင် ထွက်​ခွာ​၍ ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​ပြီး​လျှင် ရွေး​ကောက်​ခံ​ရ​သူ​ခု​နစ်​ဦး​ထဲ​မှ တစ်​ဦး​ဖြစ်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ ဖိ​လိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ​၌​တည်း​ခို​ကြ​၏။

9. ထို​သူ​၌ ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့် အ​ပျို​က​ညာ​သ​မီး​လေး​ယောက်​ရှိ​၏။

10. ရက်​အ​တန်​ကြာ​နေ​ပြီး​သော​အ​ခါ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ဦး​သည် ယု​ဒ​ပြည်​မှ​ဆင်း​လာ​၏။

11. ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါ​လု​၏​ခါး​ပန်း​ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်​နှောင်​ကာ “ဂျူး​လူ​မျိုး​တို့​သည် ဤ​ခါး​ပန်း​ပိုင်​ရှင်​ကို ဂျေ​ရု​ဆ​လင်​မြို့​တွင် ဤ​ကဲ့​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​၏”​ဟု ဆို​လေ​၏။

12. ထို​စ​ကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေ​သ​ခံ​တို့​သည် ပေါ​လု​အား ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​မ​သွား​ရန် တောင်း​ပန်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 21