တ​မန်​တော်​ဝတ္ထု 20:9-14 Myanmar Standard Bible (MSB)

9. ဥ​တု​ခု​အ​မည်​ရှိ​သော လူ​ငယ်​တစ်​ဦး​သည် ပြ​တင်း​ပေါက်​အ​ပေါ်​၌​ထိုင်​၍ အ​လွန်​အ​မင်း​အိပ်​ငိုက်​နေ​၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ​ဆွေး​နွေး​ပြော​ဆို​သော​အ​ခါ သူ​သည် အိပ်​မော​ကျ​၍ တ​တိ​ယ​ထပ်​မှ အောက်​သို့ ပြုတ်​ကျ​သွား​လေ​၏။ သူ့​ကို​ပွေ့​ချီ​လိုက်​သော​အ​ခါ သေ​ဆုံး​နေ​သည်​ကို တွေ့​ကြ​၏။

10. ထို​အ​ခါ ပေါ​လု​သည် ဆင်း​လာ​၍ သူ့​အ​ပေါ် မိ​မိ​ကိုယ်​ကို​လှဲ​၍ ဖက်​ထား​ပြီး​လျှင် “ရုတ်​ရုတ်​သဲ​သဲ​မ​ဖြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ့​အ​သက်​သည် သူ​၌​ရှိ​၏”​ဟု ဆို​လေ​၏။

11. ထို့​နောက် အ​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ စား​သုံး​ကာ မိုး​လင်း​သည်​အ​ထိ ကြာ​မြင့်​စွာ​ပြော​ဆို​ပြီး​မှ ထွက်​ခွာ​သွား​လေ​၏။

12. သူ​တို့​သည် အ​သက်​ရှင်​လျက်​ရှိ​သော​လူ​ငယ်​ကို ခေါ်​ဆောင်​သွား​ကာ အ​လွန်​စိတ်​သက်​သာ​ရာ​ရ​ကြ​၏။

13. ငါ​တို့​သည် ပေါ​လု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်​တင်​ရန် စီ​စဉ်​လျက် သင်္ဘော​ဆီ​သို့ ဦး​စွာ​သွား​ပြီး​လျှင် ထို​မြို့​သို့ ရွက်​လွှင့်​ကြ​၏။ ဤ​သို့​စီ​စဉ်​ခြင်း​မှာ ပေါ​လု​သည် ကုန်း​ကြောင်း​သွား​ရန်​စီ​စဉ်​ထား​၍ ထို​သို့​မှာ​ကြား​ခဲ့​သော​ကြောင့်​ဖြစ်​၏။

14. သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သော​အ​ခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်​တင်​၍ မိ​တု​လင်​မြို့​သို့ သွား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 20