တ​မန်​တော်​ဝတ္ထု 20:24-33 Myanmar Standard Bible (MSB)

24. သို့​ရာ​တွင် ငါ​သည် မိ​မိ​ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​သက်​သေ​ခံ​ရန် သ​ခင်​ယေ​ရှု​ထံ​မှ ငါ​ရ​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​ကို ပြီး​မြောက်​စေ​နိုင်​ရန်​အ​တွက်​ဆို​လျှင် ငါ့​အ​သက်​ကို​ပင် ငါ​ပ​ဓာ​န​မ​ထား​ပေ။

25. ယ​ခု​မူ​ကား နိုင်​ငံ​တော်​အ​ကြောင်း​ကို သင်​တို့​အား​လုံး​အ​လယ်​၌ လှည့်​လည်​ဟော​ပြော​ခဲ့​သော​ငါ​၏​မျက်​နှာ​ကို သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

26. သို့​ဖြစ်​၍ ငါ​သည် အား​လုံး​၏​သွေး​နှင့်​ကင်း​ရှင်း​ကြောင်း ယ​နေ့​ပင် သင်​တို့​အား ငါ​သက်​သေ​ခံ​၏။

27. အ​ကြောင်း​မူ​ကား ငါ​သည် တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင်​ဖော်​ပြ​ခဲ့​ပြီ။

28. သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိုး​စု​အား​လုံး​ကို​လည်း​ကောင်း ဂ​ရု​စိုက်​ကြ​လော့။ ကိုယ်​တော်​၏​သွေး​တော်​နှင့်​ဝယ်​ယူ​ထား​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို သင်​တို့​အုပ်​ထိန်း​စေ​ရန် ထို​သိုး​စု​ကို​ကြီး​ကြပ်​သူ​အ​ဖြစ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို​ခန့်​အပ်​ထား​တော်​မူ​၏။

29. ငါ​ထွက်​ခွာ​သွား​သည့်​နောက် ကြမ်း​ကြုတ်​သော​ဝံ​ပု​လွေ​များ​သည် သင်​တို့​အ​ထဲ​သို့​ဝင်​လာ​၍ သိုး​စု​ကို ညှာ​တာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

30. သင်​တို့​အ​ထဲ​မှ​လည်း တ​ပည့်​တော်​များ​ကို မိ​မိ​တို့​ဘက်​သို့​ဆွဲ​ခေါ်​ရန် ဖောက်​ပြန်​လမ်း​လွဲ​သော​အ​ရာ​များ​ကို ပြော​ဆို​သော​သူ​အ​ချို့​တို့ ပေါ်​လာ​ကြ​လိမ့်​မည်။

31. ထို့​ကြောင့် ငါ​သည် သင်​တို့​တစ်​ဦး​စီ​ကို သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ် မျက်​ရည်​ဖြင့် သ​တိ​ပေး​ဆုံး​မ​ခဲ့​သည်​ကို အောက်​မေ့​လျက် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

32. ယ​ခု သင်​တို့​ကို ဘု​ရား​သ​ခင်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တော်​၌​လည်း​ကောင်း ငါ​အပ်​နှံ​၏။ နှုတ်​က​ပတ်​တော်​သည် သင်​တို့​ကို တည်​ဆောက်​မြှင့်​တင်​လျက် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ အ​မွေ​တော်​ကို​ရ​ရှိ​စေ​နိုင်​စွမ်း​ရှိ​၏။

33. ငါ​သည် မည်​သူ​၏​ရွှေ၊ ငွေ၊ အ​ဝတ်​တန်​ဆာ​ကို​မျှ တပ်​မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။

တ​မန်​တော်​ဝတ္ထု 20