တ​မန်​တော်​ဝတ္ထု 20:1-8 Myanmar Standard Bible (MSB)

1. ထို​ရုန်း​ရင်း​ဆန်​ခတ်​မှု ရပ်​တန့်​သွား​ပြီး​နောက် ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ တိုက်​တွန်း​နှိုး​ဆော်​ကာ သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​ထွက်​ခွာ​သွား​လေ​၏။

2. ထို​ဒေ​သ​များ​ကို​လှည့်​လည်​၍ များ​စွာ​သော​တ​ရား​စ​ကား​တို့​ဖြင့် တ​ပည့်​တော်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပြီး​နောက် ဂ​ရိ​ပြည်​သို့​ရောက်​လာ​၏။

3. ထို​ပြည်​၌ သုံး​လ​နေ​ပြီး​နောက် ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​သ​ဖြင့် မာ​ကေ​ဒေါ​နိ​ပြည်​ကို​ဖြတ်​၍ ပြန်​သွား​ရန် ဆုံး​ဖြတ်​လေ​၏။

4. ပေါ​လု​နှင့်​အ​တူ​လိုက်​ပါ​သော​သူ​တို့​မှာ ဗေ​ရိ​မြို့​သား ပု​ရု​၏​သား​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိတ္တာ​ခု​နှင့်​သေ​ကုန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား ဂါ​ယု၊ တိ​မော​သေ၊ အာ​ရှ​ပြည်​သား တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​ဖြစ်​ကြ​၏။

5. သူ​တို့​သည် ဦး​စွာ​သွား​နှင့်​ပြီး တ​ရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။

6. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​များ​လွန်​သော​အ​ခါ ငါ​တို့​သည် ဖိ​လိပ္ပိ​မြို့​မှ ရွက်​လွှင့်​၍ ငါး​ရက်​အ​တွင်း တ​ရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံ​သို့ ရောက်​ပြီး​လျှင် ထို​မြို့​တွင် ခု​နစ်​ရက်​နေ​ကြ​၏။

7. ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​တွင် ငါ​တို့​သည် မုန့်​ကို​ဖဲ့​ရန် စု​ဝေး​ကြ​၏။ ပေါ​လု​သည် သူ​တို့​နှင့်​ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သူ​သည် နောက်​တစ်​နေ့​တွင် ထွက်​ခွာ​ရန်​ကြံ​ရွယ်​ထား​သည်​ဖြစ်​၍ သန်း​ခေါင်​အ​ချိန်​တိုင်​အောင် တ​ရား​စ​ကား​ကို ဆက်​၍​ဟော​ပြော​လေ​၏။

8. ငါ​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင် မီး​ခွက်​အ​မြောက်​အ​များ​ထွန်း​ထား​၏။

တ​မန်​တော်​ဝတ္ထု 20