တ​မန်​တော်​ဝတ္ထု 2:12-16 Myanmar Standard Bible (MSB)

12. လူ​အား​လုံး​တို့​သည် အံ့​သြ​ငေး​မော​လျက် ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​ကာ “ဤ​အ​မှု​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13. သို့​သော် လူ​အ​ချို့​တို့​က “သူ​တို့​သည် ဝိုင်​ချို​ဖြင့်​မူး​ယစ်​နေ​ကြ​သည်”​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

14. ထို​အ​ခါ ပေ​တ​ရု​သည် တ​မန်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​နှင့်​အ​တူ​မတ်​တတ်​ရပ်​လျက် မိ​မိ​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဂျူး​အ​မျိုး​သား​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​ကြ​သော​သူ​အ​ပေါင်း​တို့၊ ဤ​အ​ရာ​ကို​သင်​တို့​အား သိ​မှတ်​စေ​လို​ပါ​၏။ ငါ့​စ​ကား​ကို သေ​ချာ​စွာ​နား​ထောင်​ကြ​လော့။

15. ယ​ခု​အ​ချိန်​ကား နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့ ယစ်​မူး​နေ​ကြ​သည်​မ​ဟုတ်။

16. ဤ​အ​ရာ​သည် ပ​ရော​ဖက်​ယော​လ​ဟော​ပြော​ထား​သော​အ​ရာ​ပင်​ဖြစ်​၏။

တ​မန်​တော်​ဝတ္ထု 2