တ​မန်​တော်​ဝတ္ထု 19:28-38 Myanmar Standard Bible (MSB)

28. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ပြင်း​စွာ​ဒေါ​သ​ထွက်​၍ “ဧ​ဖက်​မြို့​သား​တို့​၏​အာ​တေ​မိ​သည် ကြီး​မြတ်​ပေ​၏”​ဟု အော်​ဟစ်​ကြ​၏။

29. ထို​အ​ခါ တစ်​မြို့​လုံး ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါ​လု​နှင့်​အ​တူ​လိုက်​ပါ​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု​တို့​ကို ဖမ်း​ဆီး​ပြီး ဇာတ်​ရုံ​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဝင်​သွား​ကြ​၏။

30. ပေါ​လု​သည် လူ​စု​လူ​ဝေး​ထဲ​သို့​ဝင်​လို​သော်​လည်း တ​ပည့်​တော်​တို့​သည် သူ့​ကို​တား​မြစ်​ကြ​၏။

31. ပေါ​လု​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော အာ​ရှ​ပြည်​အ​ကြီး​အ​ကဲ​အ​ချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်​ရုံ​ထဲ​သို့ အ​ရဲ​စွန့်​လျက်​မ​ဝင်​သွား​ရန် တောင်း​ပန်​ကြ​၏။

32. လူ​အ​စု​အ​ဝေး​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​၍ တစ်​ယောက်​တစ်​မျိုး​စီ​အော်​ဟစ်​နေ​ကြ​၏။ လူ​အ​များ​စု​သည် မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။

33. ဂျူး​လူ​မျိုး​တို့​သည် အ​လက်​ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့​သို့​ထွက်​စေ​၍ လူ​အ​စု​အ​ဝေး​ထဲ​မှ​အ​ချို့​တို့​က​လည်း သူ့​ကို​ထောက်​ခံ​သ​ဖြင့် အ​လက်​ဇန္ဒြား​သည် လက်​ရိပ်​ပြ​ကာ လူ​စု​လူ​ဝေး​အား ချေ​ပ​ပြော​ဆို​ရန် ကြိုး​စား​လေ​၏။

34. သို့​သော် သူ​သည် ဂျူး​လူ​မျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သော​အ​ခါ အား​လုံး​သည် တစ်​သံ​တည်း​ဖြင့် “ဧ​ဖက်​မြို့​သား​တို့​၏​အာ​တေ​မိ​သည် ကြီး​မြတ်​ပေ​၏”​ဟု နှစ်​နာ​ရီ​ခန့်​မျှ ကြွေး​ကြော်​ကြ​၏။

35. ထို့​နောက် မြို့​စာ​ရေး​သည် လူ​အ​စု​အ​ဝေး​ကို တိတ်​ဆိတ်​စေ​ပြီး​လျှင် “ဧ​ဖက်​မြို့​သား​တို့၊ ဧ​ဖက်​မြို့​သည် ကြီး​မြတ်​သော​အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ဗိ​မာန်​နှင့် ကောင်း​ကင်​မှ​ကျ​လာ​သော​ရုပ်​ပွား​တော်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်​စုံ​တစ်​ဦး​ရှိ​သ​လော။

36. ဤ​အ​ချက်​သည် ငြင်း​ဆို​၍​မ​ရ​နိုင်​သည့်​အ​ချက်​ဖြစ်​သော​ကြောင့် သင်​တို့​သည် မည်​သည့်​အ​မှု​ကို​မျှ မ​ဆင်​မ​ခြင်​မ​ပြု​ဘဲ တိတ်​ဆိတ်​စွာ​နေ​သင့်​၏။

37. အ​ကြောင်း​မူ​ကား သင်​တို့​ခေါ်​ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိ​မာန်​တော်​ကို လု​ယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘု​ရား​မ​ကို စော်​ကား​ပြော​ဆို​သော​သူ​လည်း​မ​ဟုတ်။

38. ထို့​ကြောင့် ဒေ​မေ​တ​ရိ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ဦး​ကို တ​ရား​စွဲ​ဆို​ရန်​ရှိ​လျှင် တ​ရား​ရုံး​များ​ဖွင့်​ထား​ပြီး အုပ်​ချုပ်​ရေး​မှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်​၍ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​ပါ​စေ။

တ​မန်​တော်​ဝတ္ထု 19