14. ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။
15. သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူဖြစ်ကြသနည်း”ဟု သူတို့အား ဆိုပြီးလျှင်
16. ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးရကြ၏။
17. ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။