တ​မန်​တော်​ဝတ္ထု 18:13-25 Myanmar Standard Bible (MSB)

13. “ဤ​သူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆန့်​ကျင်​လျက် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​ကြ​ရန် လူ​တို့​ကို​စည်း​ရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14. ပေါ​လု​သည်​လည်း နှုတ်​ကို​ဖွင့်​၍​ပြော​ဆို​မည်​ပြု​စဉ် ဂါ​လျုန်​က ဂျူး​လူ​မျိုး​တို့​အား “အို ဂျူး​အ​မျိုး​သား​တို့၊ ဤ​အ​မှု​သည် မ​တ​ရား​မှု​သို့​မ​ဟုတ် ဆိုး​ညစ်​သော​ပြစ်​မှု တစ်​စုံ​တစ်​ရာ​ဖြစ်​လျှင် ငါ​သည် သင်​တို့​အ​တွက် သည်း​ခံ​သင့်​ပါ​သည်။

15. သို့​သော် ၎င်း​သည် သင်​တို့​၏​ပ​ညတ်​တ​ရား၊ စ​ကား၊ အ​မည်​နာ​မ​များ​နှင့်​ပတ်​သက်​သည့် ပြဿ​နာ​များ​ဖြစ်​သည်​ဆို​လျှင် သင်​တို့​ကိုယ်​တိုင် ကြည့်​ရှု​ဖြေ​ရှင်း​ရ​မည်။ ငါ​သည် ထို​အ​မှု​မျိုး​ကို​တ​ရား​စီ​ရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်

16. သူ​တို့​ကို တ​ရား​ခွင်​မှ နှင်​ထုတ်​လေ​၏။

17. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သုဿင်​ကို ဖမ်း​ဆီး​၍ တ​ရား​ခွင်​ရှေ့​၌ ရိုက်​နှက်​ကြ​၏။ သို့​ရာ​တွင် ဂါ​လျုန်​သည် ထို​အ​မှု​များ​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

18. ထို့​နောက် ပေါ​လု​သည် ရက်​ပေါင်း​များ​စွာ​ဆက်​၍​နေ​ပြီး​မှ ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ကာ ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​သွား​လေ​၏။ ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။ ပေါ​လု​သည် အ​ဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်​၍ ရွက်​မ​လွှင့်​မီ ကင်​ခြေ​မြို့​တွင် မိ​မိ​ဦး​ခေါင်း​ကို​ရိတ်​လေ​၏။

19. သူ​တို့​သည် ဧ​ဖက်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ပေါ​လု​သည် အ​ခြား​သော​သူ​တို့​ကို ထို​နေ​ရာ​၌​ထား​ခဲ့​ပြီး ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လေ​၏။

20. လူ​တို့​သည် သူ့​အား​ပို​၍​ကြာ​မြင့်​စွာ​နေ​ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း သူ​သည် မ​လိုက်​လျော​ဘဲ

21. “ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် သင်​တို့​ထံ​သို့ နောက်​တစ်​ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် ဧ​ဖက်​မြို့​မှ ရွက်​လွှင့်​သွား​လေ​၏။

22. ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လျှင် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​ပြီး​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။

23. သူ​သည် ထို​နေ​ရာ​၌ အ​ချိန်​အ​တန်​ကြာ​နေ​ပြီး​နောက် ပြန်​လည်​ထွက်​ခွာ​၍ ဂ​လာ​တိ​ပြည်​နှင့်​ဖြူ​ဂိ​ပြည်​တို့​ကို အ​စဉ်​လိုက်​လှည့်​လည်​ကာ တ​ပည့်​တော်​အား​လုံး​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၏။

24. ထို​စဉ် အာ​ပေါ​လု​အ​မည်​ရှိ​သော အ​လက်​ဇန္ဒြိ​ယ​မြို့​သား ဂျူး​လူ​မျိုး​တစ်​ဦး​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်​ရေး​ကောင်း​၍ ကျမ်း​စာ​ကို​လည်း တတ်​ကျွမ်း​သူ​ဖြစ်​၏။

25. သူ​သည် သ​ခင်​ဘု​ရား​၏​တ​ရား​လမ်း​ကို သင်​ယူ​ထား​ပြီး ဝိ​ညာဉ်​ရေး​၌​ထက်​သန်​လျက် ယေ​ရှု​အ​ကြောင်း​ကို တိ​ကျ​သေ​ချာ​စွာ​ဟော​ပြော​သွန်​သင်​လေ​၏။ သို့​သော် ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​သာ သိ​၏။

တ​မန်​တော်​ဝတ္ထု 18