တ​မန်​တော်​ဝတ္ထု 17:4-19 Myanmar Standard Bible (MSB)

4. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ယုံ​ကြည်​၍ ပေါ​လု​နှင့်​သိ​လ​တို့​နောက်​သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂ​ရိ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပါ​၍ ထင်​ပေါ်​ကျော်​ကြား​သော အ​မျိုး​သ​မီး​တို့​သည်​လည်း​မ​နည်း​လှ​ပေ။

5. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​သည် မ​နာ​လို​ကြ​သော​ကြောင့် လူ​ဆိုး​အ​ချို့​ကို ဈေး​အ​ရပ်​မှ ခေါ်​ယူ​စု​ဝေး​စေ​ပြီး​လျှင် မြို့​ကို​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စေ​ကာ ယာ​သုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို လူ​စု​လူ​ဝေး​ရှေ့​သို့ ထုတ်​ဆောင်​ရန် ရှာ​ဖွေ​ကြ​၏။

6. သို့​သော် သူ​တို့​ကို​မ​တွေ့​ကြ​သ​ဖြင့် ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို အာ​ဏာ​ပိုင်​များ​ထံ​သို့ ဆွဲ​ခေါ်​သွား​ကာ “ကမ္ဘာ​လော​က​ကို​မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် ဤ​အ​ရပ်​သို့​လည်း ရောက်​လာ​ကြ​၍

7. ယာ​သုန်​သည် သူ​တို့​ကို လက်​ခံ​ထား​ပါ​သည်။ သူ​တို့​အား​လုံး​သည် ယေ​ရှု​ဟူ​သော​အ​ခြား​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီ​ဇာ​ဧ​က​ရာဇ်​၏​အ​မိန့်​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။

8. ထို​အ​ရာ​များ​ကို​ကြား​ရ​သော လူ​ထု​ပ​ရိ​သတ်​နှင့်​အာ​ဏာ​ပိုင်​တို့​သည် စိတ်​ပူ​ပန်​လျက်

9. ယာ​သုန်​နှင့် အ​ခြား​ညီ​အစ်​ကို​တို့​ထံ​မှ အာ​မ​ခံ​ငွေ​ကို​ယူ​ပြီး​လျှင် သူ​တို့​ကို ပြန်​လွှတ်​ကြ​၏။

10. ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေ​ရိ​မြို့​သို့ စေ​လွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့ သွား​ကြ​၏။

11. ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်​ထား​မြင့်​မြတ်​ကြ​၏။ အ​ကြောင်း​မှာ သူ​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို စေ​တ​နာ​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် လက်​ခံ​၍ ထို​အ​တိုင်း​ဟုတ်​မ​ဟုတ် ကျမ်း​စာ​ကို နေ့​စဉ်​လေ့​လာ​ကြ​၏။

12. ထို့​ကြောင့် များ​စွာ​သော​သူ​တို့​သည် ယုံ​ကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်​သ​ရေ​ရှိ​သော​ဂ​ရိ​အ​မျိုး​သ​မီး​များ​နှင့်​အ​မျိုး​သား​များ​လည်း မ​နည်း​လှ​ပေ။

13. သို့​သော် ပေါ​လု​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ဗေ​ရိ​မြို့​တွင်​လည်း ဟော​ပြော​နေ​ကြောင်း သက်​သာ​လော​နိတ်​မြို့​မှ ဂျူး​လူ​မျိုး​တို့ ကြား​သိ​ကြ​သော​အ​ခါ ထို​အ​ရပ်​သို့​လိုက်​လာ​၍ လူ​ထု​ပ​ရိ​သတ်​များ​ကို​လှုံ့​ဆော်​ကာ မ​ငြိမ်​မ​သက်​ဖြစ်​စေ​ကြ​၏။

14. ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ချက်​ချင်း​ပို့​ဆောင်​လျက် ပင်​လယ်​ကမ်း​ခြေ​အ​ထိ​သွား​စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ထို​မြို့​၌​နေ​ရစ်​ကြ​၏။

15. ပေါ​လု​ကို​လိုက်​ပို့​သော​သူ​တို့​သည် သူ့​ကို အေ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အား မိ​မိ​ထံ​သို့ တတ်​နိုင်​သ​မျှ အ​မြန်​ဆုံး​လာ​ကြ​ပါ​ဟူ​သော ပေါ​လု​၏​ညွှန်​ကြား​ချက်​ကို​ယူ​၍ ပြန်​သွား​ကြ​၏။

16. ပေါ​လု​သည် အေ​သင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်​တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိ​မိ​စိတ်​တွင် မ​ခံ​မ​ရပ်​နိုင်​ဖြစ်​ရ​လေ​၏။

17. ထို့​ကြောင့် သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက် ဈေး​အ​ရပ်​တွင်​လည်း ထို​အ​ရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​၏။

18. ဧ​ပိ​ကု​ရု​၏​တ​ပည့်​များ​နှင့် သ​တော​အိပ်​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​ဆွေး​နွေး​ကြ​၏။ အ​ချို့​က “ဤ​စ​ကား​အိုး​သည် မည်​သည့်​အ​ရာ​ကို ပြော​ဆို​လို​သ​နည်း”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​မူ “သူ​သည် တစ်​ပြည်​တစ်​ရပ်​ခြား​၏​နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ဟော​ပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ ပေါ​လု​သည် ယေ​ရှု​နှင့် ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​တို့​ကို ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။

19. ထို​အ​ခါ သူ​တို့​သည် ပေါ​လု​ကို အာ​ရေ​ပါ​ဂု​ရုံး​တော်​သို့ ခေါ်​သွား​ပြီး​လျှင် “သင်​ဟော​ပြော​နေ​သော ဤ​အ​ယူ​ဝါ​ဒ​အ​သစ်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါ​ရ​စေ။

တ​မန်​တော်​ဝတ္ထု 17