တ​မန်​တော်​ဝတ္ထု 17:4-10 Myanmar Standard Bible (MSB)

4. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ယုံ​ကြည်​၍ ပေါ​လု​နှင့်​သိ​လ​တို့​နောက်​သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂ​ရိ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပါ​၍ ထင်​ပေါ်​ကျော်​ကြား​သော အ​မျိုး​သ​မီး​တို့​သည်​လည်း​မ​နည်း​လှ​ပေ။

5. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​သည် မ​နာ​လို​ကြ​သော​ကြောင့် လူ​ဆိုး​အ​ချို့​ကို ဈေး​အ​ရပ်​မှ ခေါ်​ယူ​စု​ဝေး​စေ​ပြီး​လျှင် မြို့​ကို​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စေ​ကာ ယာ​သုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို လူ​စု​လူ​ဝေး​ရှေ့​သို့ ထုတ်​ဆောင်​ရန် ရှာ​ဖွေ​ကြ​၏။

6. သို့​သော် သူ​တို့​ကို​မ​တွေ့​ကြ​သ​ဖြင့် ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို အာ​ဏာ​ပိုင်​များ​ထံ​သို့ ဆွဲ​ခေါ်​သွား​ကာ “ကမ္ဘာ​လော​က​ကို​မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် ဤ​အ​ရပ်​သို့​လည်း ရောက်​လာ​ကြ​၍

7. ယာ​သုန်​သည် သူ​တို့​ကို လက်​ခံ​ထား​ပါ​သည်။ သူ​တို့​အား​လုံး​သည် ယေ​ရှု​ဟူ​သော​အ​ခြား​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီ​ဇာ​ဧ​က​ရာဇ်​၏​အ​မိန့်​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။

8. ထို​အ​ရာ​များ​ကို​ကြား​ရ​သော လူ​ထု​ပ​ရိ​သတ်​နှင့်​အာ​ဏာ​ပိုင်​တို့​သည် စိတ်​ပူ​ပန်​လျက်

9. ယာ​သုန်​နှင့် အ​ခြား​ညီ​အစ်​ကို​တို့​ထံ​မှ အာ​မ​ခံ​ငွေ​ကို​ယူ​ပြီး​လျှင် သူ​တို့​ကို ပြန်​လွှတ်​ကြ​၏။

10. ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေ​ရိ​မြို့​သို့ စေ​လွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့ သွား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 17