တ​မန်​တော်​ဝတ္ထု 17:17-33 Myanmar Standard Bible (MSB)

17. ထို့​ကြောင့် သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက် ဈေး​အ​ရပ်​တွင်​လည်း ထို​အ​ရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​၏။

18. ဧ​ပိ​ကု​ရု​၏​တ​ပည့်​များ​နှင့် သ​တော​အိပ်​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​ဆွေး​နွေး​ကြ​၏။ အ​ချို့​က “ဤ​စ​ကား​အိုး​သည် မည်​သည့်​အ​ရာ​ကို ပြော​ဆို​လို​သ​နည်း”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​မူ “သူ​သည် တစ်​ပြည်​တစ်​ရပ်​ခြား​၏​နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ဟော​ပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ ပေါ​လု​သည် ယေ​ရှု​နှင့် ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​တို့​ကို ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။

19. ထို​အ​ခါ သူ​တို့​သည် ပေါ​လု​ကို အာ​ရေ​ပါ​ဂု​ရုံး​တော်​သို့ ခေါ်​သွား​ပြီး​လျှင် “သင်​ဟော​ပြော​နေ​သော ဤ​အ​ယူ​ဝါ​ဒ​အ​သစ်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါ​ရ​စေ။

20. အ​ကြောင်း​မူ​ကား သင်​သည် ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​အ​ချို့​တို့​ကို ယူ​ဆောင်​လာ​သည်​ဖြစ်​၍ ၎င်း​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။

21. အေ​သင်​မြို့​သား​များ​မှ​စ​၍ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော သူ​စိမ်း​ဧည့်​သည်​အ​ပေါင်း​တို့​သည် အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ပြော​ဆို​ရန် သို့​မ​ဟုတ် ကြား​နာ​ရန်​အ​တွက်​သာ အ​ချိန်​ကို​အ​သုံး​ချ​တတ်​ကြ​၏။

22. ထို့​ကြောင့် ပေါ​လု​သည် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​လယ်​၌​ရပ်​လျက် “အေ​သင်​မြို့​သား​တို့၊ သင်​တို့​သည် အ​ရာ​ရာ​၌ ဘာ​သာ​တ​ရား​အ​လွန်​ကိုင်း​ရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။

23. သင်​တို့​ကိုး​ကွယ်​သော​အ​ရာ​များ​ကို လှည့်​လည်​၍​ကြည့်​ရှု​စဉ် ‘မ​သိ​သော​ဘု​ရား​အ​တွက်’​ဟု ကမ္ပည်း​ထိုး​ထား​သည့် ယဇ်​ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့​ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော ထို​ဘု​ရား​အ​ကြောင်း​ကို သင်​တို့​အား ငါ​ဟော​ပြော​ပါ​မည်။

24. ကမ္ဘာ​လော​က​နှင့် ၎င်း​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။

25. ကိုယ်​တော်​သည် အ​သက်​နှင့်​တ​ကွ ထွက်​သက်​ဝင်​သက်​နှင့် အ​ရာ​ခပ်​သိမ်း​တို့​ကို လူ​အ​ပေါင်း​တို့​အား ပေး​တော်​မူ​သည်​ဖြစ်​၍ တစ်​စုံ​တစ်​ခု​ကို​လို​အပ်​သည့်​အ​လား လူ့​လက်​ဖြင့်​ပြု​စု​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။

26. ကိုယ်​တော်​သည် လူ​တစ်​ဦး​တည်း​မှ လူ​မျိုး​အား​လုံး​ကို ဖန်​ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အ​နှံ့​တွင်​နေ​ထိုင်​စေ​ကာ အ​ချိန်​ကာ​လ​များ​နှင့် သူ​တို့​နေ​ထိုင်​ရာ​နယ်​နိ​မိတ်​များ​ကို ကြို​တင်​ချ​မှတ်​ပေး​တော်​မူ​၏။

27. ဤ​သို့​ပြု​ခြင်း​မှာ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို လိုက်​စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာ​ဖွေ​ကြ​စေ​ရန် အ​တွက်​ဖြစ်​၏။ အ​မှန်​စင်​စစ် ကိုယ်​တော်​သည် ငါ​တို့​တစ်​စုံ​တစ်​ဦး​နှင့်​မျှ ဝေး​ကွာ​တော်​မူ​သည်​မ​ဟုတ်။

28. အ​ကြောင်း​မူ​ကား သင်​တို့​ထဲ​မှ က​ဗျာ​ဆ​ရာ​အ​ချို့​တို့​က “စင်​စစ်​ဆို​သော် ငါ​တို့​သည်​ကား ကိုယ်​တော့်​အ​မျိုး​အ​နွယ် ဖြစ်​ကြ​ကုန်​၏”​ဟု စပ်​ဆို​ထား​သည့်​အ​တိုင်း ငါ​တို့​သည် ကိုယ်​တော်​၌ အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​တည်​လျက် ရှိ​ကြ​၏။

29. ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို လူ​၏​အ​တတ်​ပ​ညာ​နှင့်​စဉ်း​စား​ဆင်​ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်း​ထု​ပြု​လုပ်​ထား​သည့် ရုပ်​တု​နှင့်​တူ​သည်​ဟု​မ​ထင်​မှတ်​သင့်​ပေ။

30. ဘု​ရား​သ​ခင်​သည် လူ​တို့​မ​သိ​နား​မ​လည်​သည့်​အ​ချိန်​ကာ​လ​ကို အ​မှု​မ​ထား​ခဲ့​သော်​လည်း ယ​ခု​အ​ခါ နေ​ရာ​တိုင်း​ရှိ လူ​အ​ပေါင်း​တို့​အား နောင်​တ​ရ​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

31. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​အပ်​ထား​သော​အ​ရှင်​အား​ဖြင့် ကမ္ဘာ​လော​က​အား ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​မည့်​နေ့​ရက်​ကို သတ်​မှတ်​ထား​တော်​မူ​ပြီး ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ခြင်း​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား ခိုင်​လုံ​သော​အ​ထောက်​အ​ထား​ကို​ပေး​တော်​မူ​၏”​ဟု ဆို​လေ​၏။

32. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ကြ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ “ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ သင့်​ထံ​မှ နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။

33. ထို​အ​ခါ ပေါ​လု​သည် သူ​တို့​ထံ​မှ ထွက်​သွား​လေ​၏။

တ​မန်​တော်​ဝတ္ထု 17