တ​မန်​တော်​ဝတ္ထု 16:6-15 Myanmar Standard Bible (MSB)

6. ထို့​နောက် သူ​တို့​သည် ဖြူ​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သော​အ​ခါ အာ​ရှ​ပြည်​တွင် နှုတ်​က​ပတ်​တ​ရား​ကို​မ​ဟော​ပြော​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တား​မြစ်​ခြင်း​ကို ခံ​ရ​ကြ​၏။

7. တစ်​ဖန် မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​၍ ဗိ​သု​နိ​ပြည်​သို့​သွား​ရန် ကြိုး​စား​ကြ​ရာ သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။

8. ထို့​ကြောင့် သူ​တို့​သည် မု​သိ​ပြည်​ကို​ဖြတ်​၍ တ​ရော​မြို့​သို့ ဆင်း​သွား​ကြ​၏။

9. ည​အ​ခါ ပေါ​လု​သည် ရူ​ပါ​ရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌ မာ​ကေ​ဒေါ​နိ​ပြည်​သား​တစ်​ဦး​သည် ရပ်​လျက် “မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​လာ​၍ အ​ကျွန်ုပ်​တို့​ကို ကူ​ညီ​ပေး​ပါ”​ဟု သူ့​အား တောင်း​ပန်​ပြော​ဆို​၏။

10. ထို​ရူ​ပါ​ရုံ​ကို ပေါ​လု​မြင်​ရ​သော​အ​ခါ သူ​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခေါ်​ယူ​ပြီ​ဟု ကောက်​ချက်​ချ​၍ ချက်​ချင်း​ပင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​ရန် ကြိုး​စား​ကြ​၏။

11. ငါ​တို့​သည် တ​ရော​မြို့​မှ​ရွက်​လွှင့်​၍ သာ​မော​သ​ရက်​ကျွန်း​သို့ တိုက်​ရိုက်​သွား​ပြီး​လျှင် နောက်​တစ်​နေ့​၌ နေ​အာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။

12. ထို​မြို့​မှ​တစ်​ဆင့် ဖိ​လိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​၏​ထို​အ​ပိုင်း​တွင် အ​ဓိ​က​မြို့​ဖြစ်​ပြီး ရော​မ​လက်​အောက်​ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အ​တန်​ကြာ​နေ​ကြ​၏။

13. ဥ​ပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​၍ ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်း​နား​သို့​သွား​လျက် ထို​နေ​ရာ​၌​ထိုင်​ပြီး​လျှင် စု​ဝေး​လာ​ကြ​သော​အ​မျိုး​သ​မီး​တို့​အား ဟော​ပြော​ကြ​၏။

14. သွာ​တိ​ရ​မြို့​မှ ခ​ရမ်း​ရောင်​အ​ထည်​ကုန်​သည်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော လု​ဒိ​အ​မည်​ရှိ အ​မျိုး​သ​မီး​တစ်​ဦး​သည်​လည်း နား​ထောင်​နေ​၏။ ပေါ​လု​ဟော​ပြော​နေ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​စေ​ရန် သ​ခင်​ဘု​ရား​သည် သူ​၏​စိတ်​နှ​လုံး​ကို ဖွင့်​ပေး​တော်​မူ​၏။

15. သူ​သည် မိ​မိ​အိမ်​သူ​အိမ်​သား​များ​နှင့်​အ​တူ ဗတ္တိ​ဇံ​ခံ​ပြီး​သော​အ​ခါ “ကျွန်​မ​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူ​ဆ​လျှင် ကျွန်​မ​အိမ်​သို့ လာ​ရောက်​တည်း​ခို​ကြ​ပါ”​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို​မ​ရ​အ​ရ​ဖိတ်​ခေါ်​လေ​၏။

တ​မန်​တော်​ဝတ္ထု 16