တ​မန်​တော်​ဝတ္ထု 16:13-30 Myanmar Standard Bible (MSB)

13. ဥ​ပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​၍ ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်း​နား​သို့​သွား​လျက် ထို​နေ​ရာ​၌​ထိုင်​ပြီး​လျှင် စု​ဝေး​လာ​ကြ​သော​အ​မျိုး​သ​မီး​တို့​အား ဟော​ပြော​ကြ​၏။

14. သွာ​တိ​ရ​မြို့​မှ ခ​ရမ်း​ရောင်​အ​ထည်​ကုန်​သည်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော လု​ဒိ​အ​မည်​ရှိ အ​မျိုး​သ​မီး​တစ်​ဦး​သည်​လည်း နား​ထောင်​နေ​၏။ ပေါ​လု​ဟော​ပြော​နေ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​စေ​ရန် သ​ခင်​ဘု​ရား​သည် သူ​၏​စိတ်​နှ​လုံး​ကို ဖွင့်​ပေး​တော်​မူ​၏။

15. သူ​သည် မိ​မိ​အိမ်​သူ​အိမ်​သား​များ​နှင့်​အ​တူ ဗတ္တိ​ဇံ​ခံ​ပြီး​သော​အ​ခါ “ကျွန်​မ​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူ​ဆ​လျှင် ကျွန်​မ​အိမ်​သို့ လာ​ရောက်​တည်း​ခို​ကြ​ပါ”​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို​မ​ရ​အ​ရ​ဖိတ်​ခေါ်​လေ​၏။

16. တစ်​နေ့​တွင် ငါ​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အ​စေ​ခံ​မိန်း​မ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေ​ဒင်​ဟော​ခြင်း​ဖြင့် မိ​မိ​သ​ခင်​တို့​အ​တွက် များ​စွာ​သော​အ​ကျိုး​စီး​ပွား​ကို​ဖြစ်​စေ​၏။

17. ထို​မိန်း​မ​သည် ပေါ​လု​နှင့်​ငါ​တို့​နောက်​သို့ လိုက်​လာ​၍ “ဤ​သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်​တင်​ခြင်း​တ​ရား​လမ်း​ကို​ဟော​ပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်​ဟစ်​လေ​၏။

18. သူ​သည် ရက်​ပေါင်း​များ​စွာ ထို​သို့​ပြု​နေ​၍ ပေါ​လု​သည် စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​သ​ဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အ​ထဲ​မှ ထွက်​သွား​ရန် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ သင့်​ကို ငါ​အ​မိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အ​ချိန်​၌​ပင် ထွက်​သွား​လေ​၏။

19. သို့​သော် ထို​မိန်း​မ​၏​သ​ခင်​တို့​သည် မိ​မိ​တို့​အ​ကျိုး​စီး​ပွား​အ​တွက် မျှော်​လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိ​မြင်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အ​ကြီး​အ​ကဲ​များ​ရှိ​ရာ ဈေး​အ​ရပ်​သို့ ဆွဲ​ခေါ်​သွား​ကြ​၏။

20. အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​ထံ ရောက်​ကြ​သော​အ​ခါ “ဤ​သူ​တို့​သည် ဂျူး​လူ​မျိုး​ဖြစ်​ကြ​ပြီး အ​ကျွန်ုပ်​တို့​၏​မြို့​ကို အ​လွန်​မ​ငြိမ်​မ​သက်​ဖြစ်​စေ​၍

21. ရော​မ​နိုင်​ငံ​သား​များ​ဖြစ်​ကြ​သော​အ​ကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်​သုံး​အပ်​သော ဓ​လေ့​ထုံး​စံ​များ​ကို ဟော​ပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။

22. လူ​ထု​ပ​ရိ​သတ်​က​လည်း သူ​တို့​နှင့်​အ​တူ​ထ​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ကို ဆန့်​ကျင်​ကြ​၏။ ထို​အ​ခါ အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဝတ်​ကို​ဆွဲ​ဖြဲ​၍ သူ​တို့​ကို​ရိုက်​နှက်​ရန် အ​မိန့်​ပေး​ကြ​၏။

23. သူ​တို့​ကို အ​ချက်​ပေါင်း​များ​စွာ​ရိုက်​နှက်​စေ​ပြီး​လျှင် ထောင်​ထဲ​၌​ထည့်​ထား​ကာ သူ​တို့​ကို သေ​ချာ​စွာ​စောင့်​ကြပ်​ထား​ရန် ထောင်​မှူး​အား အ​မိန့်​ပေး​ကြ​၏။

24. ထို​အ​မိန့်​ကို​ရ​သော​ထောင်​မှူး​သည် သူ​တို့​ကို ထောင်​အ​တွင်း​ခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်​တုံး​ခတ်​ထား​လေ​၏။

25. သန်း​ခေါင်​အ​ချိန်​ခန့်​တွင် ပေါ​လု​နှင့်​သိ​လ​တို့​သည် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လျက် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​နေ​ကြ​၏။ အ​ကျဉ်း​သား​များ​သည်​လည်း သူ​တို့​ကို​နား​ထောင်​နေ​ကြ​၏။

26. ထို​အ​ခါ ရုတ်​တ​ရက် င​လျင်​ပြင်း​ထန်​စွာ​လှုပ်​သ​ဖြင့် ထောင်​၏​အုတ်​မြစ်​သည် တုန်​ခါ​၍ တံ​ခါး​ရှိ​သ​မျှ​သည် ချက်​ချင်း​ပွင့်​သွား​ကာ အ​ကျဉ်း​သား​အား​လုံး​၏​သံ​ကြိုး​များ​သည် ပြုတ်​သွား​လေ​၏။

27. ထောင်​မှူး​သည် နိုး​လာ​၍ ထောင်​တံ​ခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း​သား​များ​လွတ်​သွား​ပြီ​ဟု​ထင်​မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိ​မိ​ကိုယ်​ကို​သတ်​မည်​ပြု​၏။

28. သို့​သော် ပေါ​လု​က “သင့်​ကိုယ်​သင် အန္တ​ရာယ်​မ​ပြု​နှင့်။ ငါ​တို့​အား​လုံး ဤ​နေ​ရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လေ​၏။

29. ထို​အ​ခါ ထောင်​မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေး​ဝင်​လာ​ပြီး​လျှင် တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ရှေ့​တွင် ပျပ်​ဝပ်​လေ​၏။

30. ထို့​နောက် သူ​တို့​ကို အ​ပြင်​သို့​ထုတ်​ဆောင်​ကာ “အ​ရှင်​တို့၊ ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​ကျွန်ုပ်​မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လေ​၏။

တ​မန်​တော်​ဝတ္ထု 16