တ​မန်​တော်​ဝတ္ထု 14:22-28 Myanmar Standard Bible (MSB)

22. တ​ပည့်​တော်​တို့​၏​စိတ်​နှ​လုံး​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လျက် ယုံ​ကြည်​ခြင်း​၌ ဆက်​၍​တည်​နေ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​ကာ “ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် များ​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ကို ဖြတ်​သန်း​ရ​မည်”​ဟု ဆို​ကြ​၏။

23. အ​သင်း​တော်​တိုင်း​တွင်​လည်း သူ​တို့​အ​တွက် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို​ခန့်​ထား​၍ အ​စာ​ရှောင်​လျက် ဆု​တောင်း​ကြ​ကာ သူ​တို့​ယုံ​ကြည်​သော​သ​ခင်​ဘု​ရား​ထံ​သို့ သူ​တို့​ကို​အပ်​နှံ​ကြ​၏။

24. ထို့​နောက် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ပိ​သိ​ဒိ​ပြည်​ကို​ဖြတ်​၍ ပံ​ဖု​လိ​ပြည်​သို့​ရောက်​ကာ

25. ပေ​ရ​ဂေ​မြို့​၌ နှုတ်​က​ပတ်​တ​ရား​ကို​ဟော​ပြော​ပြီး​လျှင် အတ္တ​လိ​မြို့​သို့ ဆင်း​သွား​ကြ​၏။

26. ထို​မြို့​မှ​တစ်​ဆင့် ရွက်​လွှင့်​ကာ ယ​ခု သူ​တို့​ဆောင်​ရွက်​ပြီး​စီး​သွား​သော​အ​မှု​တော်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​၌​အပ်​နှံ​ခြင်း​ခံ​ခဲ့​ရာ​အန္တိ​အုတ်​မြို့​သို့ ပြန်​သွား​ကြ​၏။

27. သူ​တို့​ရောက်​ကြ​သော​အ​ခါ အ​သင်း​တော်​ကို​စု​ဝေး​စေ​လျက် မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို လူ​မျိုး​ခြား​တို့​အ​တွက် ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြော​ကြား​ကြ​၏။

28. ထို့​နောက် သူ​တို့​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အ​ချိန်​ကြာ​မြင့်​စွာ​နေ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 14