တ​မန်​တော်​ဝတ္ထု 14:10-23 Myanmar Standard Bible (MSB)

10. “ထ​၍ သင့်​ခြေ​ထောက်​ဖြင့် မတ်​မတ်​ရပ်​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ဆို​၏။ ထို​အ​ခါ သူ​သည် ထ​ခုန်​၍ လမ်း​လျှောက်​လေ​၏။

11. လူ​တို့​သည် ပေါ​လု​ပြု​သော​အ​ရာ​ကို မြင်​လျှင် “ဘု​ရား​များ​သည် လူ့​အ​သွင်​ကို​ဆောင်​လျက် ငါ​တို့​ထံ​သို့ ဆင်း​သက်​လာ​လေ​ပြီ”​ဟု မိ​မိ​တို့​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ လု​ကော​နိ​ဘာ​သာ​စ​ကား​ဖြင့် ပြော​ဆို​ကြ​၏။

12. သူ​တို့​သည် ဗာ​န​ဗ​ကို ဇု​သ​ဟု​ခေါ်​၍ ပေါ​လု​သည် ဦး​ဆောင်​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။

13. မြို့​အ​ပြင်​၌​ရှိ​သော ဇု​သ​၏​ယဇ်​ပု​ရော​ဟိတ်​သည် လူ​ထု​ပ​ရိ​သတ်​နှင့်​အ​တူ ယဇ်​ပူ​ဇော်​လို​၍ နွား​လား​နှင့်​ပန်း​ကုံး​များ​ကို မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။

14. တ​မန်​တော်​ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည် ထို​အ​ကြောင်း​ကို​ကြား​လျှင် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​၍ လူ​ထု​ပ​ရိ​သတ်​အ​လယ်​သို့​ပြေး​သွား​ကာ

15. “မိတ်​ဆွေ​တို့၊ အ​ဘယ်​ကြောင့် ဤ​အ​ရာ​တို့​ကို ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်း​တူ သာ​မန်​လူ​သား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​များ​ကို​စွန့်​ခွာ​၍ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​ကို ဖန်​ဆင်း​တော်​မူ​သော အ​သက်​ရှင်​သည့်​ဘု​ရား​သ​ခင်​ထံ​သို့ ပြောင်း​လဲ​ကြ​ရန် သင်​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​နေ​သူ​များ​ဖြစ်​ကြ​၏။

16. လွန်​လေ​ပြီး​သော​ခေတ်​ကာ​လ​များ​တွင် ဘု​ရား​သ​ခင်​သည် လူ​မျိုး​တ​ကာ​တို့​ကို မိ​မိ​တို့​လမ်း​စဉ်​အ​တိုင်း​လျှောက်​လှမ်း​ကြ​ရန် အ​ခွင့်​ပေး​ထား​တော်​မူ​၏။

17. သို့​သော် မိ​မိ​အ​ကြောင်း​ကို သက်​သေ​မ​ခံ​ဘဲ​နေ​တော်​မူ​သည်​မ​ဟုတ်။ ကိုယ်​တော်​သည် သင်​တို့​အ​တွက် ကောင်း​ကင်​မှ​မိုး​ရွာ​စေ​တော်​မူ​၍ အ​သီး​အ​နှံ​ဖြစ်​ထွန်း​သော ရာ​သီ​တို့​ကို​ပေး​ကာ အ​စာ​အာ​ဟာ​ရ​နှင့်​ဝမ်း​မြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်​နှ​လုံး​ကို ပြည့်​ဝ​စေ​လျက် ကောင်း​သော​အ​မှု​ကို ပြု​တော်​မူ​၏”​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။

18. သူ​တို့​သည် ထို​သို့​ပြော​ဆို​လျက် မိ​မိ​တို့​အား ယဇ်​ပူ​ဇော်​ခြင်း​မ​ပြု​ကြ​ရန် လူ​ထု​ပ​ရိ​သတ်​များ​ကို ခဲ​ယဉ်း​စွာ​တား​မြစ်​ရ​၏။

19. ထို​အ​ခါ အန္တိ​အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ ဂျူး​လူ​မျိုး​တို့​သည် ရောက်​လာ​ကြ​ပြီး လူ​ထု​ပ​ရိ​သတ်​များ​ကို​စည်း​ရုံး​ကာ ပေါ​လု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်​မှတ်​လျက် မြို့​ပြင်​သို့​ဆွဲ​ထုတ်​ကြ​၏။

20. သို့​သော် တ​ပည့်​တော်​တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​စဉ် သူ​သည် ထ​၍ မြို့​ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​တွင် ပေါ​လု​သည် ဗာ​န​ဗ​နှင့်​အ​တူ ဒေ​ရ​ဗေ​မြို့​သို့ ထွက်​ခွာ​သွား​လေ​၏။

21. သူ​တို့​သည် ထို​မြို့​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် လူ​များ​စွာ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့​နောက် လုတ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့​နှင့် အန္တိ​အုတ်​မြို့​များ​သို့ ပြန်​သွား​ပြီး​လျှင်

22. တ​ပည့်​တော်​တို့​၏​စိတ်​နှ​လုံး​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လျက် ယုံ​ကြည်​ခြင်း​၌ ဆက်​၍​တည်​နေ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​ကာ “ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် များ​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ကို ဖြတ်​သန်း​ရ​မည်”​ဟု ဆို​ကြ​၏။

23. အ​သင်း​တော်​တိုင်း​တွင်​လည်း သူ​တို့​အ​တွက် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို​ခန့်​ထား​၍ အ​စာ​ရှောင်​လျက် ဆု​တောင်း​ကြ​ကာ သူ​တို့​ယုံ​ကြည်​သော​သ​ခင်​ဘု​ရား​ထံ​သို့ သူ​တို့​ကို​အပ်​နှံ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 14