တ​မန်​တော်​ဝတ္ထု 14:1-14 Myanmar Standard Bible (MSB)

1. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ဣ​ကော​နိ​မြို့​၌​လည်း ဂျူး​လူ​မျိုး​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ထို​နည်း​တူ ဟော​ပြော​ကြ​ရာ ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​အ​မြောက်​အ​မြား​တို့​သည် ယုံ​ကြည်​ကြ​၏။

2. သို့​သော် မ​ယုံ​ကြည်​သော​ဂျူး​လူ​မျိုး​တို့​သည် လူ​မျိုး​ခြား​တို့​ကို သွေး​ထိုး​လှုံ့​ဆော်​၍ ညီ​အစ်​ကို​တို့​အ​ပေါ် မ​လို​မုန်း​ထား​စိတ် ဖြစ်​ပေါ်​စေ​ကြ​၏။

3. ထို့​ကြောင့် သူ​တို့​နှစ်​ဦး​သည် အ​ချိန်​အ​တန်​ကြာ​နေ​လျက် သ​ခင်​ဘု​ရား​အား​ဖြင့် ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။ သ​ခင်​ဘု​ရား​သည်​လည်း သူ​တို့​၏​လက်​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ခွင့်​ပေး​တော်​မူ​၍ မိ​မိ​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တ​ရား​ဘက်​၌ သက်​သေ​ခံ​တော်​မူ​၏။

4. မြို့​သူ​မြို့​သား​တို့​သည် နှစ်​စု​ကွဲ​၍ အ​ချို့​တို့​သည် ဂျူး​လူ​မျိုး​တို့​ဘက်​၌​ပါ​ကြ​ပြီး အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်​၌​ပါ​ကြ​၏။

5. လူ​မျိုး​ခြား​များ​နှင့်​ဂျူး​လူ​မျိုး​တို့​သည် သူ​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့်​အ​တူ တ​မန်​တော်​တို့​ကို နှိပ်​စက်​၍ ခဲ​နှင့်​ပေါက်​သတ်​ရန် ကြံ​စည်​အား​ထုတ်​ကြ​သော​အ​ခါ

6. တ​မန်​တော်​တို့​သည် ကြား​သိ​၍ လု​ကော​နိ​ပြည်​ရှိ​မြို့​များ​ဖြစ်​ကြ​သည့် လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့် ဝန်း​ကျင်​ရှိ​ဒေ​သ​များ​သို့ ထွက်​ပြေး​ကာ

7. ထို​အ​ရပ်​တို့​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက်​နေ​ကြ​၏။

8. လုတ္တ​ရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အ​မိ​ဝမ်း​တွင်း​က​ပင် ခြေ​မ​သန်​စွမ်း​သူ​ဖြစ်​လျက် တစ်​ခါ​မျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။

9. ထို​သူ​သည် ပေါ​လု​ဟော​ပြော​သည်​ကို နား​ထောင်​နေ​၏။ ပေါ​လု​သည် ထို​သူ​ကို စေ့​စေ့​ကြည့်​၍ အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း​ကို​ခံ​ရ​ရန် သူ​၌ ယုံ​ကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင်

10. “ထ​၍ သင့်​ခြေ​ထောက်​ဖြင့် မတ်​မတ်​ရပ်​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ဆို​၏။ ထို​အ​ခါ သူ​သည် ထ​ခုန်​၍ လမ်း​လျှောက်​လေ​၏။

11. လူ​တို့​သည် ပေါ​လု​ပြု​သော​အ​ရာ​ကို မြင်​လျှင် “ဘု​ရား​များ​သည် လူ့​အ​သွင်​ကို​ဆောင်​လျက် ငါ​တို့​ထံ​သို့ ဆင်း​သက်​လာ​လေ​ပြီ”​ဟု မိ​မိ​တို့​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ လု​ကော​နိ​ဘာ​သာ​စ​ကား​ဖြင့် ပြော​ဆို​ကြ​၏။

12. သူ​တို့​သည် ဗာ​န​ဗ​ကို ဇု​သ​ဟု​ခေါ်​၍ ပေါ​လု​သည် ဦး​ဆောင်​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။

13. မြို့​အ​ပြင်​၌​ရှိ​သော ဇု​သ​၏​ယဇ်​ပု​ရော​ဟိတ်​သည် လူ​ထု​ပ​ရိ​သတ်​နှင့်​အ​တူ ယဇ်​ပူ​ဇော်​လို​၍ နွား​လား​နှင့်​ပန်း​ကုံး​များ​ကို မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။

14. တ​မန်​တော်​ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည် ထို​အ​ကြောင်း​ကို​ကြား​လျှင် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​၍ လူ​ထု​ပ​ရိ​သတ်​အ​လယ်​သို့​ပြေး​သွား​ကာ

တ​မန်​တော်​ဝတ္ထု 14