တ​မန်​တော်​ဝတ္ထု 13:48-52 Myanmar Standard Bible (MSB)

48. လူ​မျိုး​ခြား​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​မြောက်​လျက် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ချီး​မွမ်း​ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ယုံ​ကြည်​ကြ​၏။

49. ဤ​သို့​ဖြင့် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် ထို​အ​ရပ်​ဒေ​သ​တစ်​လျှောက်​လုံး​တွင် ပျံ့​နှံ့​သွား​လေ​၏။

50. သို့​သော် ဂျူး​လူ​မျိုး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂုဏ်​သ​ရေ​ရှိ​အ​မျိုး​သ​မီး​များ​နှင့် မြို့​၏​ခေါင်း​ဆောင်​များ​ကို တိုက်​တွန်း​၍ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​ရန် သွေး​ထိုး​လှုံ့​ဆော်​ကာ သူ​တို့​ကို မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ နှင်​ထုတ်​ကြ​၏။

51. ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ထို​သူ​တို့​တစ်​ဖက်​၌ ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့ သွား​ကြ​၏။

52. တ​ပည့်​တော်​တို့​သည်​လည်း ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​ဝ​လျက်​ရှိ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 13