တ​မန်​တော်​ဝတ္ထု 13:36-51 Myanmar Standard Bible (MSB)

36. အ​ကြောင်း​မှာ ဒါ​ဝိဒ်​သည် မိ​မိ​လက်​ထက်​၌ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင် အိပ်​ပျော်​၍ မိ​မိ​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​လျက် ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ရ​၏။

37. သို့​သော် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​မူ​ကား ပုပ်​ပျက်​ခြင်း​နှင့် မ​ကြုံ​တွေ့​ခဲ့​ပေ။

38. ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​မ​ခံ​ရ​နိုင်​သော​အ​ရာ​အား​လုံး​တို့​မှ​လွတ်​၍

39. ထို​အ​ရှင်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မှတ်​ကြ​လော့။

40-41. သို့​ဖြစ်​၍ ‘မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​လျက်​အံ့​ဩ​ကြ​ကာ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​လက်​ထက်​၌ အ​မှု​တစ်​ခု​ကို ပြု​လုပ်​မည်။ တစ်​စုံ​တစ်​ယောက်​က ထို​အ​မှု​ကို သင်​တို့​အား အ​ကုန်​အ​စင်​ပြော​ပြ​သော်​လည်း သင်​တို့​သည် လုံး​ဝ​ယုံ​ကြည်​ကြ​မည်​မ​ဟုတ်’​ဟု ပ​ရော​ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ထား​သော​အ​ရာ​သည် သင်​တို့​အ​ပေါ် မ​သက်​ရောက်​မည့်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့”​ဟု ဆို​လေ​၏။

42. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့ ထွက်​ခွာ​လာ​ကြ​စဉ် လူ​တို့​က လာ​မည့်​ဥ​ပုသ်​နေ့​၌​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိ​မိ​တို့​အား ဟော​ပြော​ပါ​ရန်​တောင်း​ပန်​ကြ​၏။

43. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ဆင်း​သော​အ​ခါ များ​စွာ​သော​ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သည့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​နောက်​သို့ လိုက်​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​လည်း ထို​သူ​တို့​အား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​၌ ဆက်​လက်​တည်​နေ​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။

44. နောက်​ဥ​ပုသ်​နေ့​တွင် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​ရန် တစ်​မြို့​လုံး​နီး​ပါး စု​ဝေး​လာ​ကြ​၏။

45. သို့​သော် ဂျူး​လူ​မျိုး​တို့​သည် ထို​လူ​အ​စု​အ​ဝေး​ကို​မြင်​လျှင် မ​နာ​လို​စိတ်​နှင့်​ပြည့်​၍ ပေါ​လု​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​များ​ကို ဆန့်​ကျင်​လျက် စော်​ကား​ပြော​ဆို​ကြ​၏။

46. ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ရဲ​ရင့်​စွာ​ဟော​ပြော​လျက် “ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​အား ဦး​စွာ​ဟော​ပြော​ရန်​လို​အပ်​၏။ သို့​သော် သင်​တို့​သည် ၎င်း​ကို​ငြင်း​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​တန်​ဟု စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့​သည် လူ​မျိုး​ခြား​တို့​ထံ​သို့ လှည့်​သွား​ကြ​၏။

47. အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​က ‘သင်​တို့​သည် ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​ရှိ​စေ​ရန် ငါ​သည် သင်​တို့​ကို လူ​မျိုး​ခြား​တို့​အ​တွက် အ​လင်း​အ​ဖြစ် ခန့်​ထား​ပြီ’​ဟူ​၍ ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏”​ဟု ဆို​လေ​၏။

48. လူ​မျိုး​ခြား​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​မြောက်​လျက် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ချီး​မွမ်း​ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ယုံ​ကြည်​ကြ​၏။

49. ဤ​သို့​ဖြင့် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် ထို​အ​ရပ်​ဒေ​သ​တစ်​လျှောက်​လုံး​တွင် ပျံ့​နှံ့​သွား​လေ​၏။

50. သို့​သော် ဂျူး​လူ​မျိုး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂုဏ်​သ​ရေ​ရှိ​အ​မျိုး​သ​မီး​များ​နှင့် မြို့​၏​ခေါင်း​ဆောင်​များ​ကို တိုက်​တွန်း​၍ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​ရန် သွေး​ထိုး​လှုံ့​ဆော်​ကာ သူ​တို့​ကို မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ နှင်​ထုတ်​ကြ​၏။

51. ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည် ထို​သူ​တို့​တစ်​ဖက်​၌ ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့ သွား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 13