တ​မန်​တော်​ဝတ္ထု 13:21-38 Myanmar Standard Bible (MSB)

21. ထို​မှ​တစ်​ဖန် သူ​တို့​သည် ဘု​ရင်​ကို​တောင်း​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် ဗင်္ယာ​မိန်​အ​နွယ်​မှ ကိ​ရှ​၏​သား​ရှော​လု​ကို အ​နှစ်​လေး​ဆယ်​တိုင်​တိုင် သူ​တို့​အား ပေး​တော်​မူ​၏။

22. ရှော​လု​ကို​ဖယ်​ရှား​ပြီး​နောက် ဒါ​ဝိဒ်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ် ချီး​မြှောက်​တော်​မူ​လျက် သူ​နှင့်​ပတ်​သက်​၍ သက်​သေ​ခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အ​လို​ရှိ​သ​မျှ​ကို ဆောင်​ရွက်​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

23. ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း အစ္စ​ရေး​လူ​မျိုး​အ​တွက် ကယ်​တင်​ရှင်​ယေ​ရှု​ကို ဤ​ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ ပေါ်​ထွန်း​စေ​တော်​မူ​၏။

24. ထို​အ​ရှင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် အစ္စ​ရေး​လူ​မျိုး​အ​ပေါင်း​တို့​အား နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို ကြို​တင်​ဟော​ပြော​လေ​၏။

25. ယော​ဟန်​သည် တစ်​ဘ​ဝ​တာ တာ​ဝန်​ပြီး​စီး​တော့​မည့်​အ​ချိန်​၌ ‘သင်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​တော်​မူ​၏။ ထို​အ​ရှင်​၏​ခြေ​မှ ခြေ​နင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်’​ဟု ဆို​၏။

26. အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​ညီ​အစ်​ကို​တို့၊ ဤ​ကယ်​တင်​ခြင်း​သ​တင်း​စ​ကား​သည် ငါ​တို့​ထံ​သို့ ပေး​ပို့​ခြင်း​ခံ​ရ​၏။

27. ဂျေ​ရု​ဆ​လင်​မြို့​တွင်​နေ​ထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အ​ကြီး​အ​ကဲ​များ​သည် ထို​အ​ရှင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ကြား​သည့် ပ​ရော​ဖက်​တို့​၏​စ​ကား​ကို​လည်း​ကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အ​ရှင်​ကို ပြစ်​ဒဏ်​စီ​ရင်​ခြင်း​အား​ဖြင့် ထို​စ​ကား​တို့​ကို ပြည့်​စုံ​စေ​ကြ​၏။

28. သူ​တို့​သည် ကိုယ်​တော်​၌ သေ​ဒဏ်​ချ​မှတ်​နိုင်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း ကိုယ်​တော်​ကို​ကွပ်​မျက်​ရန် ပိ​လတ်​မင်း​အား တောင်း​ဆို​ကြ​၏။

29. ဤ​သို့​ဖြင့် ကိုယ်​တော်​ကို​ရည်​ညွှန်း​၍ ရေး​ထား​သော​အ​ရာ​အား​လုံး​တို့​ကို ပြု​ကြ​ပြီး​သော​အ​ခါ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ​၍ သင်္ချိုင်း​ဂူ​ထဲ​တွင် သွင်း​ထား​ကြ​၏။

30. သို့​သော် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​၏။

31. ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​မှ ဂျေ​ရု​ဆ​လင်​မြို့​သို့ မိ​မိ​နှင့်​အ​တူ​လိုက်​ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​အ​တွင်း ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ယ​ခု​အ​ခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့​တွင် ကိုယ်​တော်​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

32. ငါ​တို့​သည်​လည်း ဘိုး​ဘေး​များ​အား​ပေး​တော်​မူ​သော က​တိ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ဟော​ပြော​ကြ​၏။

33. ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို​ထ​မြောက်​စေ​၍ ဘိုး​ဘေး​တို့​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အ​တွက် ထို​က​တိ​တော်​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ ဤ​သည်​ကား ဒု​တိ​ယ​မြောက်​သော​ဆာ​လံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

34. ကိုယ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​ပြီး နောက်​တစ်​ဖန် ပုပ်​ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​က ‘ငါ​သည် ဒါ​ဝိဒ်​အား​ပေး​ထား​သည့် သန့်​ရှင်း​၍​ယုံ​ကြည်​ထိုက်​သော​ကောင်း​ချီး​ကို သင်​တို့​အား​ပေး​မည်’​ဟု မိန့်​တော်​မူ​ခဲ့​၏။

35. ထို့​ကြောင့် အ​ခြား​သော​ဆာ​လံ​ကျမ်း​တွင်​လည်း ‘ကိုယ်​တော်​၏​သန့်​ရှင်း​သော​သူ​အား ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်’​ဟု မိန့်​ဆို​ထား​၏။

36. အ​ကြောင်း​မှာ ဒါ​ဝိဒ်​သည် မိ​မိ​လက်​ထက်​၌ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင် အိပ်​ပျော်​၍ မိ​မိ​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​လျက် ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ရ​၏။

37. သို့​သော် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​မူ​ကား ပုပ်​ပျက်​ခြင်း​နှင့် မ​ကြုံ​တွေ့​ခဲ့​ပေ။

38. ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​မ​ခံ​ရ​နိုင်​သော​အ​ရာ​အား​လုံး​တို့​မှ​လွတ်​၍

တ​မန်​တော်​ဝတ္ထု 13