တ​မန်​တော်​ဝတ္ထု 13:2-18 Myanmar Standard Bible (MSB)

2. သူ​တို့​သည် သ​ခင်​ဘု​ရား​ကို​ဝတ်​ပြု​လျက် အ​စာ​ရှောင်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က “ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို သူ​တို့​အ​တွက်​ငါ​သတ်​မှတ်​ထား​သော​အ​မှု​ကို​ဆောင်​ရွက်​စေ​ရန် ငါ့​အ​တွက် သီး​သန့်​ရွေး​ချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

3. ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​၍ ဆု​တောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အ​ပေါ် လက်​တင်​ပြီး​နောက် သူ​တို့​ကို​စေ​လွှတ်​လိုက်​ကြ​၏။

4. ဤ​သို့​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​စေ​လွှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၍ သေ​လု​ကိ​မြို့​သို့ ဆင်း​သွား​ပြီး​လျှင် ထို​မြို့​မှ ဆိုက်​ပ​ရပ်​ကျွန်း​သို့ ရွက်​လွှင့်​ကြ​၏။

5. ရှာ​လ​မိ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​ကြ​၏။ သူ​တို့​သည်​ယော​ဟန်​ကို​လည်း အ​ကူ​အ​ညီ​ပေး​သူ​အ​ဖြစ် ခေါ်​သွား​ကြ​၏။

6. တစ်​ကျွန်း​လုံး​ကို​လှည့်​လည်​၍ ပါ​ဖု​မြို့​အ​ထိ​ရောက်​လျှင် ပ​ရော​ဖက်​အ​တု​အ​ယောင်​ဖြစ်​သည့် ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ဂျူး​လူ​မျိုး​မှော်​ဆ​ရာ​တစ်​ဦး​ကို တွေ့​ကြ​၏။

7. ထို​သူ​သည် ဉာဏ်​ထက်​မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်​ချုပ်​ရေး​မှူး​သေ​ရ​ဂိ​ပေါ​လု​နှင့်​အ​တူ​ရှိ​နေ​၏။ ထို​အုပ်​ချုပ်​ရေး​မှူး​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ဖိတ်​ခေါ်​လေ​၏။

8. သို့​သော် မှော်​ဆ​ရာ​ဟု​အ​ဓိပ္ပာယ်​ရ​သည့် ဧ​လု​မ​အ​မည်​ရှိ​သော ထို​သူ​သည် အုပ်​ချုပ်​ရေး​မှူး​အား ယုံ​ကြည်​ခြင်း​မှ​လွှဲ​ဖယ်​စေ​ရန် ကြိုး​စား​ရှာ​ကြံ​လျက် ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ဟန့်​တား​လေ​၏။

9. ထို​အ​ခါ ပေါ​လု​ဟု​လည်း​ခေါ်​သော​ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် သူ့​ကို စေ့​စေ့​ကြည့်​ကာ

10. “အို စဉ်း​လဲ​ခြင်း​အ​ပေါင်း​နှင့်​လှည့်​စား​မှု​ရှိ​သ​မျှ​တို့​ဖြင့်​ပြည့်​ဝ​သူ၊ မာရ်​နတ်​၏​သား၊ ဖြောင့်​မတ်​ခြင်း​အ​ပေါင်း​တို့​၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဖြောင့်​မတ်​သော​လမ်း​တို့​ကို ကွေ့​ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်​တန့်​ဘဲ​နေ​မည်​လော။

11. ကြည့်​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော်​သည် ယ​ခု​ပင် သင့်​အ​ပေါ်​သို့​ကျ​ရောက်​သ​ဖြင့် သင်​သည် မျက်​စိ​ကွယ်​လျက် ကာ​လ​အ​တန်​ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်​မည်”​ဟု ဆို​၏။ ထို​ခ​ဏ​ချင်း​တွင် မှုန်​ဝါး​ခြင်း​နှင့်​မှောင်​မိုက်​ခြင်း​တို့​သည် သူ့​အ​ပေါ်​ကျ​ရောက်​သ​ဖြင့် သူ​သည် လက်​ဆွဲ​၍​လမ်း​ပြ​မည့်​သူ​ကို စမ်း​တ​ဝါး​ဝါး​လိုက်​ရှာ​လေ​၏။

12. အုပ်​ချုပ်​ရေး​မှူး​သည် ဖြစ်​ပျက်​သော​အ​မှု​အ​ရာ​ကို​မြင်​လျှင် သ​ခင်​ဘု​ရား​နှင့်​ပတ်​သက်​သော​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ယုံ​ကြည်​လေ​၏။

13. ပေါ​လု​နှင့်​သူ​၏​အ​ပေါင်း​အ​ပါ​တို့​သည် ပါ​ဖု​မြို့​မှ​ရွက်​လွှင့်​၍ ပံ​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ ယော​ဟန်​သည် သူ​တို့​ထံ​မှ ခွဲ​ခွာ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ပြန်​သွား​လေ​၏။

14. သူ​တို့​မူ​ကား ပေ​ရ​ဂေ​မြို့​ကို​ဖြတ်​သွား​၍ ပိ​သိ​ဒိ​ပြည်၊ အန္တိ​အုတ်​မြို့​သို့​ရောက်​ကြ​ပြီး​လျှင် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့​ဝင်​၍ ထိုင်​ကြ​၏။

15. ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​ကို ဖတ်​ကြား​ပြီး​သော​အ​ခါ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်​တွန်း​အား​ပေး​စ​ကား​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။

16. ထို​အ​ခါ ပေါ​လု​သည်​ထ​၍ လက်​ရိပ်​ပြ​လျက် “အစ္စ​ရေး​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့၊ နား​ထောင်​ကြ​ပါ။

17. အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ​၍ အီ​ဂျစ်​ပြည်​၌ ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​စဉ် ဤ​လူ​မျိုး​တော်​ကို ချီး​မြှောက်​တော်​မူ​၏။ ထို့​နောက် အား​ကြီး​သော​လက်​ရုံး​တော်​အား​ဖြင့် သူ​တို့​ကို ထို​တိုင်း​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ပြီး

18. အ​နှစ်​လေး​ဆယ်​ခန့်​မျှ​သော​ကာ​လ​ပတ်​လုံး တော​ကန္တာ​ရ​တွင် သူ​တို့​ကို သည်း​ခံ​တော်​မူ​၏။

တ​မန်​တော်​ဝတ္ထု 13