တ​မန်​တော်​ဝတ္ထု 12:4-12 Myanmar Standard Bible (MSB)

4. ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ဖမ်း​ဆီး​၍​ထောင်​ထဲ​၌​ထည့်​ထား​ပြီး​လျှင် သူ့​ကို​စောင့်​ကြပ်​ရန် စစ်​သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်​ဖွဲ့​လေး​ဖွဲ့​ထံ​သို့ အပ်​နှံ​ထား​၏။ သူ​သည် ပ​သ​ခါ​ပွဲ​တော်​လွန်​လျှင် ပေ​တ​ရု​ကို လူ​ထု​ရှေ့​တွင်​ထုတ်​ဆောင်​ရန် ကြံ​ရွယ်​ထား​လေ​၏။

5. ဤ​သို့​ဖြင့် ပေ​တ​ရု​သည် ထောင်​ထဲ​၌ ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​၏။ သို့​ရာ​တွင် အ​သင်း​တော်​သည် သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​သို့ စိတ်​အား​ထက်​သန်​စွာ​ဆု​တောင်း​လျက်​နေ​၏။

6. ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ထုတ်​ဆောင်​ရန် ကြံ​ရွယ်​ထား​သည့်​နေ့​မ​တိုင်​မီ​ည​၌ ပေ​တ​ရု​သည် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ခြင်း​ခံ​ရ​လျက် စစ်​သား​နှစ်​ဦး​ကြား​တွင် အိပ်​ပျော်​နေ​၏။ အ​စောင့်​များ​သည်​လည်း တံ​ခါး​ရှေ့​တွင် ထောင်​ကို​စောင့်​ကြပ်​နေ​ကြ​၏။

7. ထို​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရုတ်​တ​ရက်​ပေါ်​လာ​သ​ဖြင့် ထောင်​ခန်း​ထဲ​၌ အ​လင်း​ရောင်​ထွန်း​လင်း​လေ​၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​၏​နံ​ဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်​မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထို​အ​ခါ သံ​ကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်​ကျ​သွား​လေ​၏။

8. ထို့​နောက် ကောင်း​ကင်​တ​မန်​က “ခါး​ပန်း​စည်း​၍ သင့်​ဖိ​နပ်​ကို​စီး​လော့”​ဟု ဆို​သ​ဖြင့် သူ​သည် ထို​အ​တိုင်း​ပြု​လေ​၏။ တစ်​ဖန် “သင်​၏​ဝတ်​ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ

9. ပေ​တ​ရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့​သော် ကောင်း​ကင်​တ​မန်​အား​ဖြင့် ဖြစ်​ပျက်​နေ​သော​အ​ရာ​သည် အ​မှန်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူ​ပါ​ရုံ​ကို​မြင်​နေ​ရ​သည်​ဟူ​၍​သာ သူ​ထင်​မှတ်​နေ​၏။

10. သူ​တို့​သည် အ​စောင့်​ချ​ရာ​ပ​ထ​မ​နေ​ရာ​နှင့်​ဒု​တိ​ယ​နေ​ရာ​တို့​ကို ဖြတ်​သွား​ပြီး​လျှင် မြို့​သို့​သွား​သည့်​သံ​တံ​ခါး​သို့ ရောက်​လာ​ကြ​၏။ ထို​တံ​ခါး​သည်​လည်း သူ​တို့​အ​တွက် အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍ လမ်း​ကြား​တစ်​ခု​အ​တိုင်း ဆက်​သွား​ကြ​စဉ် ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​ထံ​မှ ချက်​ချင်း​ထွက်​ခွာ​သွား​လေ​၏။

11. ထို​အ​ခါ ပေ​တ​ရု​သည် သ​တိ​ပြန်​ဝင်​လာ​၍ “သ​ခင်​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​ပြီး ဟေ​ရုဒ်​မင်း​၏​လက်​မှ​လည်း​ကောင်း၊ ဂျူး​လူ​မျိုး​တို့​မျှော်​မှန်း​ထား​သော​အ​ရာ​အား​လုံး​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ယ​ခု ငါ​အ​မှန်​သိ​ပြီ”​ဟု ဆို​၏။

12. သူ​သည် ဤ​သို့​သိ​ရှိ​ပြီး​နောက် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​၏​မိ​ခင်​မာ​ရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များ​စွာ​စု​ဝေး​လျက် ဆု​တောင်း​နေ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 12