တ​မန်​တော်​ဝတ္ထု 12:10-21 Myanmar Standard Bible (MSB)

10. သူ​တို့​သည် အ​စောင့်​ချ​ရာ​ပ​ထ​မ​နေ​ရာ​နှင့်​ဒု​တိ​ယ​နေ​ရာ​တို့​ကို ဖြတ်​သွား​ပြီး​လျှင် မြို့​သို့​သွား​သည့်​သံ​တံ​ခါး​သို့ ရောက်​လာ​ကြ​၏။ ထို​တံ​ခါး​သည်​လည်း သူ​တို့​အ​တွက် အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍ လမ်း​ကြား​တစ်​ခု​အ​တိုင်း ဆက်​သွား​ကြ​စဉ် ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​ထံ​မှ ချက်​ချင်း​ထွက်​ခွာ​သွား​လေ​၏။

11. ထို​အ​ခါ ပေ​တ​ရု​သည် သ​တိ​ပြန်​ဝင်​လာ​၍ “သ​ခင်​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​ပြီး ဟေ​ရုဒ်​မင်း​၏​လက်​မှ​လည်း​ကောင်း၊ ဂျူး​လူ​မျိုး​တို့​မျှော်​မှန်း​ထား​သော​အ​ရာ​အား​လုံး​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ယ​ခု ငါ​အ​မှန်​သိ​ပြီ”​ဟု ဆို​၏။

12. သူ​သည် ဤ​သို့​သိ​ရှိ​ပြီး​နောက် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​၏​မိ​ခင်​မာ​ရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များ​စွာ​စု​ဝေး​လျက် ဆု​တောင်း​နေ​ကြ​၏။

13. ပေ​တ​ရု​သည် အိမ်​အ​ဝင်​တံ​ခါး​ကို​ခေါက်​ရာ ရော​ဒေ​အ​မည်​ရှိ အ​စေ​ခံ​မိန်း​မ​သည် မေး​မြန်း​ရန်​လာ​၍

14. ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သော​အ​ခါ ဝမ်း​မြောက်​သော​ကြောင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်​ကာ တံ​ခါး​ဝ​၌ ပေ​တ​ရု​ရပ်​နေ​သည်​ဟု ပြော​ကြား​လေ​၏။

15. လူ​တို့​က​လည်း “သင်​သည် ရူး​သွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့​သော် သူ​သည် မိ​မိ​ပြော​သည့်​အ​တိုင်း အ​မှန်​ဖြစ်​ကြောင်း အ​ခိုင်​အ​မာ​ပြော​ဆို​သော​အ​ခါ သူ​တို့​က “ပေ​တ​ရု​၏​ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်”​ဟု ဆို​ကြ​၏။

16. သို့​ရာ​တွင် ပေ​တ​ရု​သည် တံ​ခါး​ကို ဆက်​၍​ခေါက်​နေ​သ​ဖြင့် သူ​တို့​သည် တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​၍ အံ့​ဩ​ငေး​မော​ကြ​၏။

17. ပေ​တ​ရု​သည် တိတ်​ဆိတ်​ကြ​ရန် သူ​တို့​ကို လက်​ရိပ်​ပြ​လျက် သ​ခင်​ဘု​ရား​သည် မိ​မိ​အား ထောင်​ထဲ​မှ မည်​ကဲ့​သို့ ထုတ်​ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြော​ပြ​၏။ ထို့​နောက် “ဤ​အ​ကြောင်း​အ​ရာ​များ​ကို ယာ​ကုပ်​နှင့်​ညီ​အစ်​ကို​တို့​အား ပြော​ပြ​ကြ​လော့”​ဟု ဆို​ပြီး​လျှင် အ​ခြား​အ​ရပ်​သို့ ထွက်​ခွာ​သွား​လေ​၏။

18. မိုး​လင်း​သော​အ​ခါ ပေ​တ​ရု​မည်​သို့​ဖြစ်​သွား​သ​နည်း​ဟု စစ်​သား​များ​အ​ကြား​တွင် အ​ကြီး​အ​ကျယ်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လေ​၏။

19. ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို ကြိုး​စား​ရှာ​ဖွေ​သော်​လည်း မ​တွေ့​သ​ဖြင့် အ​စောင့်​တို့​ကို​စစ်​ဆေး​၍ သေ​ဒဏ်​ပေး​ရန် အ​မိန့်​ချ​လေ​၏။ ထို့​နောက် ယု​ဒ​ပြည်​မှ ဆီ​ဇာ​ရီး​ယား​မြို့​သို့ ဆင်း​သွား​၍ ထို​မြို့​၌​နေ​လေ​၏။

20. ဟေ​ရုဒ်​မင်း​သည် တိုင်​ရာ​မြို့​သား​နှင့်​ဆီ​ဒုန်​မြို့​သား​တို့​အ​ပေါ် ပြင်း​စွာ​ဒေါ​သ​ထွက်​သ​ဖြင့် သူ​တို့​သည် မင်း​ကြီး​ထံ​သို့ တစ်​စု​တစ်​ဝေး​တည်း​လာ​ကြ​၍ မင်း​ကြီး​၏​အ​တွင်း​ဝန်​ဗ​လတ္တု​ကို​စည်း​ရုံး​ကာ ငြိမ်း​ချမ်း​မှု​ရ​ရှိ​ရန်​အ​တွက် တောင်း​ပန်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​ပြည်​သည် မင်း​ကြီး​၏​ပြည်​မှ အ​စား​အ​စာ​ကို​ရ​ရှိ​သော​ကြောင့်​ဖြစ်​၏။

21. ဟေ​ရုဒ်​မင်း​သည် ချိန်း​ဆို​ထား​သော​နေ့​၌ မင်း​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​လျက် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်​ခွန်း​မြွက်​ကြား​လေ​၏။

တ​မန်​တော်​ဝတ္ထု 12