တ​မန်​တော်​ဝတ္ထု 10:6-22 Myanmar Standard Bible (MSB)

6. သူ​သည် သား​ရေ​နယ်​သ​မား​ရှိ​မုန်​အိမ်​၌ တည်း​ခို​နေ​၏။ ထို​အိမ်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​၏”​ဟု မြွက်​ဆို​လေ​၏။

7. မိ​မိ​အား​မြွက်​ဆို​သော​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် အ​စေ​ခံ​နှစ်​ဦး​နှင့် မိ​မိ​အ​နီး​အ​ပါး​တွင်​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော စစ်​သား​တစ်​ဦး​ကို​ခေါ်​၍

8. အ​ကြောင်း​စုံ​ကို​ပြော​ပြ​ပြီး​လျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေ​လွှတ်​လေ​၏။

9. နောက်​တစ်​နေ့​တွင် ထို​သူ​တို့​သည် ခ​ရီး​ပြု​လျက် ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​လာ​ကြ​စဉ် မွန်း​တည့်​ချိန်​ဝန်း​ကျင်​၌ ပေ​တ​ရု​သည် ဆု​တောင်း​ရန် လေ​သာ​ဆောင်​ပေါ်​သို့ တက်​သွား​လေ​၏။

10. ထို​အ​ချိန်​တွင် သူ​သည် ဆာ​လောင်​လျက် အ​စာ​စား​လို​စိတ်​ဖြစ်​ပေါ်​လေ​၏။ သို့​သော် အ​စား​အ​စာ​များ​ကို လူ​တို့​ပြင်​ဆင်​နေ​ကြ​စဉ် ပေ​တ​ရု​သည် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍

11. ကောင်း​ကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်း​ထား​ပြီး မြေ​ပေါ်​သို့​လျှော​ကျ​လာ​သည့် ရွက်​ထည်​စ​ကြီး​နှင့်​တူ​သော​အ​ရာ​တစ်​ခု နိမ့်​ဆင်း​လာ​သည်​ကို တွေ့​ရ​၏။

12. ထို​အ​ရာ​ထဲ​တွင် မြေ​ကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တ​ဝါ​များ​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​ပါ​၏။

13. ထို့​နောက် “ပေ​တ​ရု၊ ထ​၍​သတ်​စား​လော့”​ဟူ​သော​အ​သံ​သည် သူ့​ထံ​သို့​ရောက်​လာ​၏။

14. သို့​သော် ပေ​တ​ရု​က “မ​ဖြစ်​နိုင်​ပါ သ​ခင်​ဘု​ရား၊ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​သည် ညစ်​ညူး​သော​အ​ရာ​နှင့်​မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။

15. ထို​အ​ခါ ဒု​တိ​ယ​အ​ကြိမ် အ​သံ​ထပ်​မံ​ထွက်​ပေါ်​လာ​၍ “ဘု​ရား​သ​ခင်​စင်​ကြယ်​စေ​သည့်​အ​ရာ​ကို ညစ်​ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု​ဆို​လေ​၏။

16. ဤ​သို့ သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပြီး​နောက် ထို​အ​ရာ​သည် ကောင်း​ကင်​သို့ ချက်​ချင်း​ဆောင်​ယူ​သွား​ခြင်း​ခံ​ရ​၏။

17. မိ​မိ​မြင်​ရ​သော​ရူ​ပါ​ရုံ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ပေ​တ​ရု​သည် စိတ်​ထဲ​၌ ဝေ​ခွဲ​မ​ရ​ဖြစ်​နေ​စဉ် ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ​တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​ပြီး အိမ်​တံ​ခါး​ရှေ့​သို့ ရောက်​လာ​ကြ​၏။

18. သူ​တို့​သည် လှမ်း​ခေါ်​၍ “ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​သည် ဤ​အိမ်​တွင် တည်း​ခို​နေ​ပါ​သ​လော”​ဟု မေး​မြန်း​ကြ​၏။

19. ပေ​တ​ရု​သည် ရူ​ပါ​ရုံ​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် ဝိ​ညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။

20. သူ​တို့​ကို ငါ​စေ​လွှတ်​လိုက်​သည်​ဖြစ်​၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံ​သ​ယ​မ​ရှိ​ဘဲ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

21. ထို့​ကြောင့် ပေ​တ​ရု​သည် ဆင်း​သွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်​သည့်​အ​ကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သ​နည်း”​ဟု သူ​တို့​အား မေး​လေ​၏။

22. သူ​တို့​က​လည်း “ဖြောင့်​မတ်​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော​တပ်​မှူး​ကော်​နေ​လိ​သည် သင့်​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​၍ သင့်​ထံ​မှ တ​ရား​စ​ကား​ကို​နား​ထောင်​ရန် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

တ​မန်​တော်​ဝတ္ထု 10