တ​မန်​တော်​ဝတ္ထု 10:45-48 Myanmar Standard Bible (MSB)

45. ပေ​တ​ရု​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့် အ​ရေ​ဖျား​လှီး​ထား​သော ယုံ​ကြည်​သူ​ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း​ဟူ​သော​ကောင်း​ချီး​လက်​ဆောင်​ကို လူ​မျိုး​ခြား​တို့​အ​ပေါ်​၌​လည်း သွန်း​လောင်း​တော်​မူ​သည့်​အ​တွက် အ​လွန်​အံ့​ဩ​ကြ​၏။

46. အ​ဘယ်​ကြောင့်​ဆို​သော် ထို​လူ​မျိုး​ခြား​တို့​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​လျက် ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ ပေ​တ​ရု​က

47. “ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိ​ဇံ​မ​ခံ​စေ​ရန် မည်​သူ​တား​ဆီး​နိုင်​သ​နည်း”​ဟု ဆို​လျက်

48. ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​ရန် သူ​တို့​အား ညွှန်​ကြား​လေ​၏။ ထို့​နောက် သူ​တို့​သည် ပေ​တ​ရု​အား ရက်​အ​နည်း​ငယ်​မျှ ဆက်​၍​နေ​ရန် တောင်း​ပန်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 10