တ​မန်​တော်​ဝတ္ထု 10:30-44 Myanmar Standard Bible (MSB)

30. ကော်​နေ​လိ​က​လည်း “လွန်​ခဲ့​သော​သုံး​ရက်​က ဤ​အ​ချိန်​မွန်း​လွဲ​သုံး​နာ​ရီ​တွင် အ​ကျွန်ုပ်​အိမ်​၌ အ​ကျွန်ုပ်​ဆု​တောင်း​နေ​စဉ် တောက်​ပ​သည့်​အ​ဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အ​ကျွန်ုပ်​ရှေ့​၌​ရပ်​လျက်

31. ‘ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​၍ သင်​၏​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အောက်​မေ့​စ​ရာ​ဖြစ်​လေ​ပြီ။

32. ထို့​ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။ သူ​သည် ပင်​လယ်​ကမ်း​နား​ရှိ သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​၌ တည်း​ခို​နေ​၏’​ဟု မြွက်​ဆို​ခဲ့​ပါ​သည်။

33. သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည် သင့်​ထံ​သို့ ချက်​ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွ​ရောက်​လာ​သော​ကြောင့် ကျေး​ဇူး​တင်​ပါ​သည်။ ယ​ခု အ​ကျွန်ုပ်​တို့​အား​လုံး​သည် သင့်​အား သ​ခင်​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို ကြား​နာ​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။

34. ထို​အ​ခါ ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘု​ရား​သ​ခင်​သည် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ဘဲ

35. မည်​သည့်​လူ​မျိုး​မ​ဆို ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဖြောင့်​မတ်​စွာ​ပြု​ကျင့်​လျှင် နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း ငါ​အ​မှန်​ပင်​သ​ဘော​ပေါက်​ပြီ။

36. ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​၍ အစ္စ​ရေး​အ​မျိုး​သား​တို့​ထံ​သို့ ပေး​ပို့​တော်​မူ​သော​နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သိ​ကြ​၏။

37. ထို့​ပြင် ယော​ဟန်​သည် ဗတ္တိ​ဇံ​တ​ရား​ကို​ဟော​ပြော​သည့်​နောက်​တွင် ဂါ​လိ​လဲ​နယ်​မှ​အ​စ​ပြု​၍ ယု​ဒ​နယ်​တစ်​လျှောက်​လုံး​၌ ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊

38. ဘု​ရား​သ​ခင်​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​တန်​ခိုး​တော်​တို့​ဖြင့် မည်​ကဲ့​သို့​ဘိ​သိက်​ပေး​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည် လှည့်​လည်​၍ ကောင်း​သော​အ​မှု​ကို​ပြု​ကာ မာရ်​နတ်​၏​ဖိ​နှိပ်​ခြယ်​လှယ်​မှု​ခံ​ရ​သူ​အ​ပေါင်း​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

39. ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဂျူး​လူ​မျိုး​တို့​၏​တိုင်း​ပြည်​၌ ကိုယ်​တော်​ပြု​ခဲ့​သော​အ​ရာ​အား​လုံး​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​၍ အ​သေ​သတ်​ခဲ့​ကြ​၏။

40. သို့​သော် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​စေ​၍ ကိုယ်​ထင်​ရှား​ပြ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​၏။

41. သို့​ရာ​တွင် လူ​အား​လုံး​ထံ​၌​မ​ဟုတ်​ဘဲ သက်​သေ​အ​ဖြစ် ဘု​ရား​သ​ခင်​ကြို​တင်​ခန့်​ထား​သော ငါ​တို့​ထံ​၌​သာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​၏။

42. ထို့​နောက် ကိုယ်​တော်​က ကိုယ်​တော်​သာ​လျှင်​အ​သက်​ရှင်​သော​သူ​နှင့်​သေ​လွန်​သော​သူ​တို့​ကို​တ​ရား​စီ​ရင်​သူ​အ​ဖြစ် ဘု​ရား​သ​ခင်​ခန့်​အပ်​ထား​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟော​ပြော​ရန်​နှင့် သက်​သေ​ခံ​ရန် ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏။

43. ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​အား​လုံး​တို့​သည်​လည်း ‘ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​၏’​ဟု သက်​သေ​ခံ​ကြ​၏”​ဟူ​၍ ပြော​ဆို​လေ​၏။

44. ဤ​တ​ရား​စ​ကား​တို့​ကို ပေ​တ​ရု​ဟော​ပြော​နေ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​နေ​သူ​အား​လုံး​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​၏။

တ​မန်​တော်​ဝတ္ထု 10