3. တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
4. ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
5. ထို့ကြောင့် ယခု သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
6. သူသည် သားရေနယ်သမားရှိမုန်အိမ်၌ တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းနားတွင်ရှိ၏”ဟု မြွက်ဆိုလေ၏။