တ​မန်​တော်​ဝတ္ထု 10:11-17 Myanmar Standard Bible (MSB)

11. ကောင်း​ကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်း​ထား​ပြီး မြေ​ပေါ်​သို့​လျှော​ကျ​လာ​သည့် ရွက်​ထည်​စ​ကြီး​နှင့်​တူ​သော​အ​ရာ​တစ်​ခု နိမ့်​ဆင်း​လာ​သည်​ကို တွေ့​ရ​၏။

12. ထို​အ​ရာ​ထဲ​တွင် မြေ​ကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တ​ဝါ​များ​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​ပါ​၏။

13. ထို့​နောက် “ပေ​တ​ရု၊ ထ​၍​သတ်​စား​လော့”​ဟူ​သော​အ​သံ​သည် သူ့​ထံ​သို့​ရောက်​လာ​၏။

14. သို့​သော် ပေ​တ​ရု​က “မ​ဖြစ်​နိုင်​ပါ သ​ခင်​ဘု​ရား၊ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​သည် ညစ်​ညူး​သော​အ​ရာ​နှင့်​မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။

15. ထို​အ​ခါ ဒု​တိ​ယ​အ​ကြိမ် အ​သံ​ထပ်​မံ​ထွက်​ပေါ်​လာ​၍ “ဘု​ရား​သ​ခင်​စင်​ကြယ်​စေ​သည့်​အ​ရာ​ကို ညစ်​ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု​ဆို​လေ​၏။

16. ဤ​သို့ သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပြီး​နောက် ထို​အ​ရာ​သည် ကောင်း​ကင်​သို့ ချက်​ချင်း​ဆောင်​ယူ​သွား​ခြင်း​ခံ​ရ​၏။

17. မိ​မိ​မြင်​ရ​သော​ရူ​ပါ​ရုံ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ပေ​တ​ရု​သည် စိတ်​ထဲ​၌ ဝေ​ခွဲ​မ​ရ​ဖြစ်​နေ​စဉ် ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ​တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​ပြီး အိမ်​တံ​ခါး​ရှေ့​သို့ ရောက်​လာ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 10