တ​မန်​တော်​ဝတ္ထု 10:1-12 Myanmar Standard Bible (MSB)

1. ဆီ​ဇာ​ရီး​ယား​မြို့​တွင် အီ​တ​လီ​တပ်​ဟု​ခေါ်​သော​တပ်​ဖွဲ့​မှ ကော်​နေ​လိ​အ​မည်​ရှိ​သော တပ်​မှူး​တစ်​ယောက်​ရှိ​၏။

2. သူ​သည် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​နှင့်​တ​ကွ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍ ဂျူး​လူ​မျိုး​တို့​အား များ​စွာ​ပေး​ကမ်း​စွန့်​ကြဲ​ကာ ဘု​ရား​သ​ခင်​ထံ အ​မြဲ​ဆု​တောင်း​လျက်​နေ​၏။

3. တစ်​နေ့​သော​အ​ခါ မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​ခန့်​တွင် သူ​သည် မိ​မိ​ထံ​သို့​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ဝင်​လာ​၍ “ကော်​နေ​လိ”​ဟု ခေါ်​သည်​ကို ရူ​ပါ​ရုံ​၌ ထင်​ရှား​စွာ​မြင်​လေ​၏။

4. ထို​ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​ရင်း သူ​သည် ကြောက်​လန့်​၍ “သ​ခင်​ဘု​ရား၊ မည်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​ပါ​သ​နည်း”​ဟု မေး​လေ​၏။ ကောင်း​ကင်​တ​မန်​က​လည်း “သင်​၏​ဆု​တောင်း​ခြင်း​နှင့်​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည် အ​မှတ်​ရ​စ​ရာ​အ​ဖြစ် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။

5. ထို့​ကြောင့် ယ​ခု သင်​သည် ယုပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။

6. သူ​သည် သား​ရေ​နယ်​သ​မား​ရှိ​မုန်​အိမ်​၌ တည်း​ခို​နေ​၏။ ထို​အိမ်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​၏”​ဟု မြွက်​ဆို​လေ​၏။

7. မိ​မိ​အား​မြွက်​ဆို​သော​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် အ​စေ​ခံ​နှစ်​ဦး​နှင့် မိ​မိ​အ​နီး​အ​ပါး​တွင်​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော စစ်​သား​တစ်​ဦး​ကို​ခေါ်​၍

8. အ​ကြောင်း​စုံ​ကို​ပြော​ပြ​ပြီး​လျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေ​လွှတ်​လေ​၏။

9. နောက်​တစ်​နေ့​တွင် ထို​သူ​တို့​သည် ခ​ရီး​ပြု​လျက် ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​လာ​ကြ​စဉ် မွန်း​တည့်​ချိန်​ဝန်း​ကျင်​၌ ပေ​တ​ရု​သည် ဆု​တောင်း​ရန် လေ​သာ​ဆောင်​ပေါ်​သို့ တက်​သွား​လေ​၏။

10. ထို​အ​ချိန်​တွင် သူ​သည် ဆာ​လောင်​လျက် အ​စာ​စား​လို​စိတ်​ဖြစ်​ပေါ်​လေ​၏။ သို့​သော် အ​စား​အ​စာ​များ​ကို လူ​တို့​ပြင်​ဆင်​နေ​ကြ​စဉ် ပေ​တ​ရု​သည် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍

11. ကောင်း​ကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်း​ထား​ပြီး မြေ​ပေါ်​သို့​လျှော​ကျ​လာ​သည့် ရွက်​ထည်​စ​ကြီး​နှင့်​တူ​သော​အ​ရာ​တစ်​ခု နိမ့်​ဆင်း​လာ​သည်​ကို တွေ့​ရ​၏။

12. ထို​အ​ရာ​ထဲ​တွင် မြေ​ကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တ​ဝါ​များ​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​ပါ​၏။

တ​မန်​တော်​ဝတ္ထု 10