တ​မန်​တော်​ဝတ္ထု 1:13-18 Myanmar Standard Bible (MSB)

13. သူ​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ မိ​မိ​တို့​တည်း​နေ​သော အိမ်​၏​အ​ထက်​ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​ပုဂ္ဂိုလ်​ရှိ​မုန်​နှင့် ယာ​ကုပ်​၏​သား​ယု​ဒ​တို့​ဖြစ်​ကြ​၏။

14. သူ​တို့​အား​လုံး​သည် အ​မျိုး​သ​မီး​များ​နှင့် ယေ​ရှု​၏​မယ်​တော်​မာ​ရိ​မှ​စ​၍ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့်​အ​တူ တစ်​စိတ်​တစ်​သ​ဘော​တည်း​ဖြင့် ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​နေ​ကြ​၏။

15. ထို​နေ့​ရက်​များ​၌ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ့​နှစ်​ဆယ်​ခန့်​ရှိ​သော​ညီ​အစ်​ကို​တို့​သည် တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​ကြ​ရာ ပေ​တ​ရု​သည် သူ​တို့​အ​လယ်​၌​ထ​၍

16. “ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​ပေး​သူ​ဖြစ်​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​နှင့်​ပတ်​သက်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က ဒါ​ဝိဒ်​၏​နှုတ်​အား​ဖြင့် ကြို​တင်​ဟော​ကြား​ထား​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။

17. အ​ကြောင်း​မူ​ကား ယု​ဒ​သည် ငါ​တို့​ထဲ​၌​ထည့်​သွင်း​ရေ​တွက်​ခြင်း​ခံ​ရ​ပြီး ဤ​အ​မှု​တော်​လုပ်​ငန်း​တွင် ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ခဲ့​၏။

18. သူ​သည် မ​တ​ရား​မှု​ကြောင့်​ရ​ရှိ​သော​အ​ဖိုး​အ​ခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်​ယူ​ပြီး​နောက် ဇောက်​ထိုး​ကျ​လျက် ဝမ်း​ဗိုက်​ပေါက်​သ​ဖြင့် သူ​၏​အူ​များ​အ​ကုန်​ထွက်​ကျ​လေ​၏။

တ​မန်​တော်​ဝတ္ထု 1