တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:8-21 Myanmar Standard Bible (MSB)

8. သို့​ဖြစ်​၍ စား​စ​ရာ​နှင့်​ဝတ်​စ​ရာ​ရှိ​လျှင် ထို​အ​ရာ​တို့​နှင့်​ကျေ​နပ်​ကြ​ရ​မည်။

9. ချမ်း​သာ​လို​သော​သူ​တို့​သည် ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ထဲ​သို့​လည်း​ကောင်း၊ လူ​တို့​ကို ပျက်​စီး​ခြင်း​နှင့်​ဆုံး​ရှုံး​ခြင်း​တွင် နစ်​မွန်း​စေ​တတ်​သော မိုက်​မဲ​၍​အန္တ​ရာယ်​ရှိ​သည့် တပ်​မက်​ခြင်း​အ​မျိုး​မျိုး​ထဲ​သို့​လည်း​ကောင်း ကျ​ရောက်​တတ်​ကြ​၏။

10. အ​ကြောင်း​မူ​ကား ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​မှု​အ​လုံး​စုံ​တို့​၏​အ​ရင်း​အ​မြစ်​ဖြစ်​၏။ လူ​အ​ချို့​တို့​သည် ငွေ​ကို​အ​လွန်​တပ်​မက်​သ​ဖြင့် ယုံ​ကြည်​ခြင်း​လမ်း​မှ လွဲ​ချော်​သွား​၍ များ​စွာ​သော​ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို ထိုး​ဖောက်​နာ​ကျင်​စေ​ကြ​ပြီ။

11. အို ဘု​ရား​သ​ခင်​၏​လူ၊ သင်​မူ​ကား ထို​အ​ရာ​များ​ကို​ရှောင်​၍ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို လက်​ကိုင်​ပြု​လော့။

12. ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​သော​တိုက်​ပွဲ​ကို​တိုက်​၍ ထာ​ဝ​ရ​အ​သက်​ကို ရ​ယူ​ပိုင်​ဆိုင်​လော့။ သင်​သည် ထို​အ​သက်​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ကို​ခံ​ရ​၍ များ​စွာ​သော​သက်​သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်​ခံ​ချက်​ကို​ပေး​လေ​ပြီ။

13. ခပ်​သိမ်း​သော​အ​ရာ​တို့​အား အ​သက်​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​ရှေ့​တွင် သက်​သေ​ခံ​သော​အ​ခါ ကောင်း​သော​ဝန်​ခံ​ချက်​ကို​ပေး​တော်​မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​၌​လည်း​ကောင်း သင့်​အား ငါ​ညွှန်​ကြား​သည်​ကား

14. သင်​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သည့်​တိုင်​အောင် ဤ​ပ​ညတ်​ချက်​ကို အ​စွန်း​အ​ထင်း​ကင်း​၍ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​အောင် စောင့်​ထိန်း​လော့။

15. အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​၍ တစ်​ပါး​တည်း​အုပ်​စိုး​တော်​မူ​သော​အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။

16. ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် သေ​ခြင်း​နှင့်​ကင်း​သော​အ​ဖြစ်​၌​ရှိ​လျက် ချဉ်း​ကပ်​၍​မ​ရ​သော​အ​လင်း​၌ ကိန်း​ဝပ်​တော်​မူ​၏။ လူ​တို့​တွင် မည်​သူ​တစ်​ဦး​တစ်​ယောက်​မျှ ကိုယ်​တော်​ကို​မ​မြင်​ဖူး​သ​ကဲ့​သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘု​ရား​သ​ခင်​၌ ဂုဏ်​သ​ရေ​နှင့်​ထာ​ဝ​ရ​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

17. ဤ​လော​က​၌ ချမ်း​သာ​သော​သူ​တို့​သည် စိတ်​နေ​မြင့်​ခြင်း၊ မ​မြဲ​သော​စည်း​စိမ်​များ​အ​ပေါ်​၌ မျှော်​လင့်​အား​ထား​ခြင်း​မ​ရှိ​ဘဲ ပျော်​ရွှင်​မှု​အ​တွက် အ​လုံး​စုံ​တို့​ကို ငါ​တို့​အား ကြွယ်​ဝ​စွာ​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ပေါ်​၌ မျှော်​လင့်​အား​ထား​ကြ​ရန်​လည်း​ကောင်း၊

18. ကောင်း​သော​အ​မှု​ကို​ပြု​လျက် ကောင်း​သော​အ​ကျင့်​များ​ဖြင့်​ကြွယ်​ဝ​ကာ ရက်​ရော​စွာ​ဝေ​မျှ​ပေး​ကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍

19. စစ်​မှန်​သော​အ​သက်​ကို​ရ​ယူ​ပိုင်​ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘ​ဝ​အ​တွက် ကောင်း​သော​အုတ်​မြစ်​ကို မိ​မိ​တို့​အ​တွက်​ချ​ထား​ကြ​ရန်​လည်း​ကောင်း ညွှန်​ကြား​လော့။

20. အို တိ​မော​သေ၊ သင်​၌​အပ်​ထား​သည့်​အ​ရာ​ကို စောင့်​ရှောက်​လော့။ ဘု​ရား​တ​ရား​နှင့်​မ​ဆိုင်​သည့် အ​ကျိုး​မဲ့​သော​စ​ကား​များ​နှင့် အ​သိ​ပ​ညာ​ဟု လွဲ​မှား​စွာ​ခေါ်​ဝေါ်​ကြ​သည့် ကွဲ​လွဲ​ဆန့်​ကျင်​သော​အ​ရာ​များ​ကို ရှောင်​ရှား​လော့။

21. လူ​အ​ချို့​တို့​သည် ထို​အ​ရာ​တို့​နောက်​သို့​လိုက်​၍ ယုံ​ကြည်​ခြင်း​လမ်း​မှ​လွဲ​ချော်​သွား​ကြ​ပြီ။ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6