တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:1-11 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​သွန်​သင်​ချက်​တို့​သည် စော်​ကား​ပြော​ဆို​ခြင်း​မ​ခံ​ရ​စေ​ရန် ကျွန်​ထမ်း​ပိုး​အောက်​၌​ရှိ​သ​မျှ​သော​သူ​တို့​သည် မိ​မိ​တို့​သ​ခင်​များ​ကို အ​ပြည့်​အ​ဝ​ရို​သေ​ထိုက်​သူ​များ​ဟု မှတ်​ယူ​ကြ​ပါ​စေ။

2. မိ​မိ​တို့​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​လျှင် သ​ခင်​သည် ညီ​အစ်​ကို​ဖြစ်​သည်​ဟု​ဆို​လျက် မ​ထီ​မဲ့​မြင်​မ​ပြု​ဘဲ သာ​၍​ကောင်း​စွာ​အ​စေ​ခံ​ကြ​စေ။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​စေ​ခံ​ခြင်း​၏​အ​ကျိုး​ကို ခံ​စား​ရ​သော​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​ပြီး မိ​မိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အ​ရာ​များ​ကို​သွန်​သင်​၍ တိုက်​တွန်း​နှိုး​ဆော်​လော့။

3. တစ်​စုံ​တစ်​ယောက်​သည် ခြား​နား​သော​ဩ​ဝါ​ဒ​ကို​သွန်​သင်​လျက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​မှန်​ကန်​ပြည့်​စုံ​သော​တ​ရား​စ​ကား​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​နှင့်​ညီ​သော​ဩ​ဝါ​ဒ​တို့​ကို မ​လိုက်​နာ​လျှင်

4. ထို​သူ​သည် ဘ​ဝင်​မြင့်​၍ မည်​သည့်​အ​ရာ​ကို​မျှ​မ​သိ​ဘဲ အ​ငြင်း​ပွား​မှု​နှင့် စ​ကား​လုံး​အ​သုံး​အ​နှုန်း​အ​ပေါ်​ငြင်း​ခုံ​ခြင်း​တို့​၌​သာ စွဲ​လမ်း​နေ​သူ​ဖြစ်​၏။ ထို​အ​ရာ​များ​ကြောင့် မ​လို​မုန်း​ထား​ခြင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း​နှင့် ဆိုး​ညစ်​သော​သံ​သ​ယ​စိတ်​ရှိ​ခြင်း​စ​သည်​တို့​ဖြစ်​ပေါ်​လာ​တတ်​၏။

5. ထို​သို့ အ​သိ​စိတ်​ပျက်​ပြား​လျက် သမ္မာ​တ​ရား​ဆုံး​ရှုံး​ကာ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု ထင်​မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အ​ငြင်း​ပွား​မှု​ရှိ​တတ်​၏။

6. သို့​သော် ကျေ​နပ်​တင်း​တိမ်​မှု​ဖြင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော​အ​ကျိုး​စီး​ပွား​ပင်​ဖြစ်​၏။

7. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ မည်​သည့်​အ​ရာ​ကို​မျှ မ​ယူ​လာ​သ​ကဲ့​သို့ မည်​သည့်​အ​ရာ​ကို​မျှ​လည်း ယူ​သွား​နိုင်​ကြ​မည်​မ​ဟုတ်။

8. သို့​ဖြစ်​၍ စား​စ​ရာ​နှင့်​ဝတ်​စ​ရာ​ရှိ​လျှင် ထို​အ​ရာ​တို့​နှင့်​ကျေ​နပ်​ကြ​ရ​မည်။

9. ချမ်း​သာ​လို​သော​သူ​တို့​သည် ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ထဲ​သို့​လည်း​ကောင်း၊ လူ​တို့​ကို ပျက်​စီး​ခြင်း​နှင့်​ဆုံး​ရှုံး​ခြင်း​တွင် နစ်​မွန်း​စေ​တတ်​သော မိုက်​မဲ​၍​အန္တ​ရာယ်​ရှိ​သည့် တပ်​မက်​ခြင်း​အ​မျိုး​မျိုး​ထဲ​သို့​လည်း​ကောင်း ကျ​ရောက်​တတ်​ကြ​၏။

10. အ​ကြောင်း​မူ​ကား ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​မှု​အ​လုံး​စုံ​တို့​၏​အ​ရင်း​အ​မြစ်​ဖြစ်​၏။ လူ​အ​ချို့​တို့​သည် ငွေ​ကို​အ​လွန်​တပ်​မက်​သ​ဖြင့် ယုံ​ကြည်​ခြင်း​လမ်း​မှ လွဲ​ချော်​သွား​၍ များ​စွာ​သော​ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို ထိုး​ဖောက်​နာ​ကျင်​စေ​ကြ​ပြီ။

11. အို ဘု​ရား​သ​ခင်​၏​လူ၊ သင်​မူ​ကား ထို​အ​ရာ​များ​ကို​ရှောင်​၍ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို လက်​ကိုင်​ပြု​လော့။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6